လူတိုင်း လူတိုင်းသည် . . .
စောဖိုးခွား
ကလေးဘဝမှစတင်
ဘဝဟူသည်က အဆက်မပြတ်သင်ယူနေရ သောဖြစ်စဉ်တစ်ရပ်ပင် ဖြစ်သည်။ မွေးကင်းစ လူမှန်းသိစအရွယ်မှစကာ မိမိက ဘာသာစကား မတတ်သေးခင်မှာပင် ငိုခြင်းအသံပြုခြင်းဖြင့် ဆက်သွယ်သင်ယူသည်။ နို့ဆာပြီ ချိုတိုက်ကျွေး ပါဟု အချက်ပြအော်ငိုမည်။ အခင်းအဝတ်သေး စိုနေပြီ၊ ကျော အေးနေပြီဟု အချက်ပြအော်ငိုမည်။ နို့ဆာ၍ ငိုသံပေးသောအခါ နို့တိုက်ကျွေးသည်။ အခင်းအဝတ်စိုရွှဲနေခြင်းကို သိရသဖြင့် နွေးထွေး သောအဝတ်ကို လဲလှယ်ပေးသည်ကို ခံစားရသည်။ မွေးမိခင်၏ရင်ခွင်ထဲမှစတင်၍ အရာရာကို သင်ယူ လာရသည်။
- Read more about လူတိုင်း လူတိုင်းသည် . . .
- Log in to post comments