အလုပ်သမားစျေးကွက်ဖွံ့ဖြိုးမှသာ ကိုဗစ်ကြောင့်ပြိုလဲနေတဲ့  ကမ္ဘာကြီးကို ကယ်တင်နိုင်မယ် 

Type
77


 

လင်းဟန်သစ်

 

ကိုဗစ်-၁၉ ကပ်ရောဂါပဋိပက္ခဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အလုပ်အကိုင်တွေကို ပြင်းထန်တဲ့ရိုက်ခတ်မှုတွေ ဖြစ်စေခဲ့တယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။ အလုပ်အကိုင်အဆင့်အတန်းဟာ ကိုဗစ်-၁၉  မဖြစ်ခင်က အခြေအနေနဲ့ အဆင့်အတန်းမျိုး ပြန်ရောက်ဖို့ နှစ်ပေါင်းအတော်ကြာ အချိန်ယူရဦးမယ်လို့လည်း ကုလသမဂ္ဂက သတိပေးပြောကြားထားပါတယ်။
ကမောက်ကမတွေဖြစ်  
လေ့လာဆန်းစစ်မှု အသစ်တစ်ခုမှာ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ အလုပ်သမားအဖွဲ့က  ကမ္ဘာ့အလုပ်သမားစျေးကွက်ဟာ  ဒီနှစ်မှာ အပြည့်အဝနီးပါး ပြန်လည်နာလန်ထူလာမယ်လို့ ခန့်မှန်းခဲ့တဲ့ သူ့ရဲ့ အရင်က ခန့်မှန်းချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။
ဒယ်လ်တာနဲ့ အိုမီခရွန်လိုမျိုး အသွင်ပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေရဲ့   အကျိုးသက်ရောက်မှုကို   အပြစ်ဖို့ရင်း  ကိုဗစ်-၁၉ ကပ်ရောဂါ  ဘယ်လိုမျိုးပြောင်းလဲဖြစ်ပေါ်လာသလဲဆိုတဲ့ မသေချာမှု တွေထဲ ၂၀၂၂ ခုနှစ်ရဲ့ အလုပ်ချိန်တွေဟာလည်း ကိုဗစ်-၁၉ မဖြစ်မီ အခြေအနေနဲ့    နှိုင်းယှဉ်ကြည့်ရင်  ကမောက်ကမတွေဖြစ်နေခဲ့ ပါတယ်။
ပျက်စီးလွယ်တဲ့အခြေအနေမှာပဲရှိသေးတယ် 
ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားစျေးကွက်ဟာလည်း အရင်က ခန့်မှန်းထားတာထက် ပိုနှေးတဲ့နှုန်းနဲ့ နာလန်အထနှေးနေတယ်လို့ နိုင်ငံတကာအလုပ်သမားအဖွဲ့    အကြီးအကဲ   ဂိုင်ရိုက်ဒါက သတင်းထောက်တွေကို ပြောပါတယ်။ ရှေ့လာမယ့် အခြေအနေဟာ ပျက်စီးလွယ်တဲ့ အခြေအနေမှာပဲရှိသေးတယ်လို့ သတိပေးခဲ့ပါတယ်။ 
အလုပ်သမားစျေးကွက်ထိခိုက်မှု ကြာရှည်နေဦးမယ်။ ထို့အတူ ဆင်းရဲမွဲတေမှုနဲ့  မညီမျှမှုတွေလည်း   မြင့်တက်လာဦးမှာကို စိုးရိမ်ပူပန်နေတယ်လို့ ဂိုင်ရိုက်ဒါက ပြောပါတယ်။ 
အလုပ်လက်မဲ့နှုန်းမြင့်မား 
ကမ္ဘာလုံးဆိုင်ရာအလုပ်လုပ်ချိန်ဟာ  ၂၀၁၉  ခုနှစ်ထက်  နှစ်ရာခိုင် နှုန်းလျော့နည်းခဲ့ပြီး ဒါဟာ ကမ္ဘာကြီးမှာ အလုပ်ပြတ်လပ်မှု ၅၂ သန်း ရှိတာနဲ့ညီမျှတယ်လို့ ဆိုလိုပါတယ်။
လွန်ခဲ့တဲ့မေလက  နိုင်ငံတကာ  အလုပ်သမားအဖွဲ့က  အလုပ်နာရီ လျော့နည်းပြီး အလုပ်ပြတ်လပ်မှုဟာ ဒီနှစ်နှစ်ဝက်လောက်ထိရှိနေဦးမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ 
တစ်ချိန်တည်းမှာပဲ  ကမ္ဘာလုံးဆိုင်ရာ   တရားဝင်အလုပ်လက်မဲ့ နှုန်းဟာ ကိုဗစ်-၁၉ မရိုက်ခတ်ခင်ကထက် သိသိသာသာပိုမိုမြင့်မားလာခဲ့ပါတယ်။
သတ်မှတ်ချက်ကျော်လွန် 
ဒီနှစ်မှာ ကမ္ဘာလုံးဆိုင်ရာအလုပ်သမား ၅ ဒသမ ၉ ရာခိုင်နှုန်း သို့မဟုတ်  ၂၀၇ သန်း  တရားဝင်အလုပ်လက်မဲ့စာရင်းမှာ ဖော်ပြ ထားပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ်ထက် ပိုပြီးများလာတာ ဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၁၉ ခုနှစ်ထက် ပိုများလာတာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ အလုပ်လက်မဲ့နှုန်းဟာ ၁၈၆ သန်းပဲရှိတာ ဖြစ်ပါတယ်။ 
ကမ္ဘာလုံးဆိုင်ရာ အလုပ်လက်မဲ့နှုန်းဟာ ကိုဗစ်-၁၉ ကပ်ရောဂါ အကျပ်အတည်းမဖြစ်ခင်အချိန်က ရှိခဲ့တဲ့ ၅ ဒသမ ၄ ရာခိုင်နှုန်းအထက် ဆက်လက်ရှိနေဦးမှာဖြစ်ပြီး ဒါဟာ ၂၀၂၃ ခုနှစ်အထိ ဆက်လက် တည်ရှိနေဦးမှာဖြစ်ပါတယ်။
အလုပ်အကိုင်အပေါ် လွှမ်းခြုံအကျိုးသက်ရောက်မှုဟာ သတ်မှတ် ထားတာထက်တောင်ကျော်လွန်ပြီး   သိသိသာသာကို     များပြားခဲ့ပါ တယ်။
အင်အားချည့်နဲ့စေခဲ့
၂၀၂၂ ခုနှစ်မှာ  ကမ္ဘာလုံးဆိုင်ရာ  အလုပ်သမားထုပါဝင်နှုန်းဟာ ၁ ဒသမ ၂ ရာခိုင်နှုန်းထက် နိမ့်ဆင်းလျော့နည်းခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့သုံးနှစ်ထက် လျော့နည်းခဲ့တာဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာ အလုပ်သမား သန်း ၄၀ လောက် အလိုပြခဲ့တာဖြစ်ပါတယ်။ 
ကိုဗစ်-၁၉ ကပ်ရောဂါဟာ နိုင်ငံတိုင်းရဲ့ စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ လူမှုရေးတွေကို အင်အားချည့်နဲ့စေခဲ့ပါတယ်လို့  ရိုက်ဒါက ပြောခဲ့ပါ တယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိမှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ချက်တွေကြား  ကွဲပြားခြားနားချက်တွေကို  နိုင်ငံတကာ အလုပ်သမားအဖွဲ့က ထောက်ပြပြောဆိုခဲ့ပါတယ်။ 
ဝန်ဆောင်မှုနဲ့ ခရီးသွားကဏ္ဍကိုထိခိုက် 
ဝင်ငွေမြင့်မားတဲ့နိုင်ငံတွေရဲ့     အလုပ်သမားစျေးကွက်ဟာ အလျင်အမြန်ကို ဖွံ့ဖြိုးတိုးတက်လာပါတယ်။ သို့သော်လည်း တချို့ နိုင်ငံတွေဟာ  အလုပ်သမားပြတ်လပ်မှုတွေနဲ့  စတင်ရင်ဆိုင်နေရတယ် လို့လည်း ရိုက်ဒါက ဆက်လက်ပြောကြားလိုက်ပါတယ်။ 
အလုပ်အကိုင်စျေးကွက်မှာလည်း  မတူညီတဲ့အချက်တွေ အများ ကြီး ရှိပါတယ်။ ကျား၊ မ တန်းတူညီတူမရှိမှုတွေ မညီမျှမှုတွေလည်း ပါဝင်ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါဟာ အမျိုးသမီးတွေပေါ်လည်း အချိုးအစား မမျှတစွာနဲ့ပဲ  အကျိုးသက်ရောက်မှုတွေ  ရှိစေခဲ့ပါတယ်။  ထို့အတူ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့  ခရီးသွားကဏ္ဍကိုလည်း  ဆိုးရွားစွာထိခိုက် စေခဲ့ပါတယ်။
အကျိုးဆက်တွေဆက်ကျန်နေဦးမယ်  
ကပ်ရောဂါပြီးသွားမယ်ဆိုရင်တော့   အဲဒီအကျိုးဆက်တွေက ဆက်လက်ကျန်ရှိနေဦးမယ်လို့  ရိုက်ဒါက ပြောပါတယ်။ 
ကိုဗစ်-၁၉ ကပ်ရောဂါ ရှည်ကြာလာရင် အလုပ်မှာ ကျား၊ မ တန်း တူညီမှုအပေါ် ထိခိုက်မှုတွေရှိလာနိုင်တယ်လို့ သူက ဆက်ပြောထား ပါတယ်။ 
ကိုဗစ်-၁၉ အကျပ်အတည်းကြောင့် ပြောင်းလဲမှုတွေဖြစ်ပေါ်လာပြီး အဲဒီပြောင်းလဲမှုတွေမှာ  ပုံမှန်တွေ့နေကျမဟုတ်တဲ့  ကိုယ်ပိုင်အလုပ် တွေဆီကို  ခြေဦးလှည့်လာနိုင်ပါတယ်။  ထို့အတူ  တခြားအလုပ်ပုံစံ ပြောင်းလဲမှုတွေလည်းရှိလာဦးမှာ ဖြစ်ပါတယ်။
ကျယ်ပြန့်တဲ့   အလုပ်သမားစျေးကွက်ဖွံ့ဖြိုးမှ  ကမ္ဘာကြီးကို ကပ်ရောဂါက  ကယ်တင်နိုင်မယ်။  ကျယ်ပြန်တဲ့  အလုပ်သမားစျေးကွက် ဖွံ့ဖြိုးမှသာ ကမ္ဘာကြီးကို ကပ်ရောဂါမှ အမှန်ကန်ဆုံး နာလန်ပြန်လည် ထူလာအောင်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ထို့အတူ ကျန်းမာရေး၊ ဘေးကင်းလုံခြုံမှု၊ တန်းတူညီတူရှိမှု၊ လူမှုရေးတွေလည်း ယှဉ်တွဲပါလာ မှာ ဖြစ်ပါတယ်။ 
ရေရှည်အလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဒီလိုနာလန်ပြန်ထမှု မှာ ကောင်းမွန်တဲ့ အလုပ်အကိုင်အခြေအနေတွေ ဖန်တီးဖြစ်ပေါ်မှုပေါ် အဓိကတည်မီနေပါတယ်။
ကောင်းမွန်ထိရောက်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းမူဝါဒတွေသာမရှိဘူးဆိုရင် နိုင်ငံပေါင်းစုံမှာ ဒီလိုမျိုး ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာတဲ့ ထိခိုက်ပျက်စီးမှုတွေကို  ပြန်လည်ပြုပြင်ဖို့  အချိန်ယူရဦးမှာ  ဖြစ်ပါ တယ်။        ။
                                                       ကိုးကား - အေအက်ဖ်ပီ