ခြိုးခြံချွေတာခြင်းသည် မင်္ဂလာမည်၏
- Read more about ခြိုးခြံချွေတာခြင်းသည် မင်္ဂလာမည်၏
- Log in to post comments
မောင်သောင်းဝင်း(တမန်ဟောင်း)
ရေမရှိလျှင် သက်ရှိအားလုံးရှင်သန်ကြွင်းကျန်နိုင်မည် မဟုတ်ချေ။ နှစ်စဉ်နွေရာသီတွင် ကြုံတွေ့ရသည့်ပြဿနာသည် သောက်သုံးရေရှားပါးခြင်းပင်ဖြစ်သည်။ ထိုသို့ ရေရှားပါးပြတ်လပ်မှုမျိုးမကြုံရလေအောင် အဖိုးတန်သောရေကို မိုးရာသီကတည်းက စနစ်တကျ စုဆောင်းထားပြီး ချွေတာသုံးစွဲသွားသင့်သည်။
သိန်းထွန်း (IR)
ဘဝအခြေခံလိုအပ်ချက်နှင့် စာဖတ်ခြင်းဆိုလို့ စကားလုံးက ကြီးကောင်းကြီးနေမယ်လို့ ထင်စရာပါ။ စကားလုံးက ကြီးလွန်းတယ် ထင်ရပေမယ့် အမှန်တကယ် တွေ့ကြုံခံစားမှုကလည်း ကြီးမားလို့ သုံးနှုန်းလိုက်ရခြင်းပါ။ ဘဝအခြေခံလိုအပ်ချက်အတွက် စာဖတ်ခြင်းဆိုလိုက်လို့ စာပေနဲ့ အသက်မွေးဝမ်းကျောင်းတယ်၊ စာပေသက်သက်ကိုပဲ လေ့လာလိုက်စားတယ်၊ စာပေကိုပဲ တစိုက်မတ်မတ်လုပ်တာကို မဆိုလိုပါဘူး။
ဦးကျော်ကျော် ( တရားရေး )
မြင့်မောင်စိုး
ယခုတလော မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု သတင်းများမှာ အတော်ပင်စိတ်ဝင်စားဖွယ်ဖြစ်လာသည်။ အကြောင်းမှာကား ယခင်က ဖြစ်တောင့်ဖြစ်ခဲသော အကြောင်းအရာတစ်ခုသည် ယခုအခါ မကြာခဏဆို သလို တွေ့မြင်လာရခြင်းပင် ဖြစ်သည်။ ဤသည်မှာ ထူးခြားမှုပင် ဖြစ်သည်။ ထိုထူးခြားမှုသည် အခြားမဟုတ် မူးယစ်ဆေးဝါးတစ်မျိုးဖြစ်သည့် အိုက်စ် (မက်သ်အဖက်တမင်း)နှင့် ဘိန်းဖြူတင်ဆောင်လာသော ကုန်တင်ကားကြီးများကို ကားစီးလိုက် မကြာခဏဖမ်းဆီးရမိနေခြင်းပင် ဖြစ်သည်။
အိုက်စ်(မက်သ်အဖက်တမင်း) ဖမ်းမိမှုများ
ထိုအိုက်စ် (မက်သ်အဖက်တမင်း)နှင့် ဘိန်းဖြူ
ဆရာမဲဇာ
“နေတတ်လျှင်ကျေနပ်စရာပါ” ဟု မြန်မာအများ ယုံကြည်ထားကြပါသည်။ သို့သော် “နေတတ်လိုက် တာနော်” ဟု မှတ်ချက်ပေးပါက ကိုယ့်အရေးကိစ္စမှ လွဲပြီး သူတစ်ပါး၏ အရေးကိစ္စ၊ အများကိစ္စများတွင် ပါဝင်ခြင်းမရှိဘဲ ကင်းကင်းနေသူဟူ၍ အဓိပ္ပာယ် ထွက်လေ၏။ ထိုသူတို့၏ ဆင်ခြေမှာ “ကိုယ့်ကိစ္စ ကိုယ်အာရုံစိုက်ပါ” (Mind your own business) ဟူ၍ ဖြစ်ပါ၏။ ကမ္ဘာ့အနောက်ခြမ်းနေသူများ၏ စရိုက်ဖြစ်ပြီး အရှေ့တိုင်းသားအများစုကမူ မျှဝေ ခြင်းနှင့် စောင့်ရှောက်ခြင်းကို ယဉ်ကျေးမှုတစ်ရပ် အနေဖြင့် ကျင့်သုံးကြလေသည်။
UAC
၂၁ ရာစုနှစ်တွင် ဒစ်ဂျစ်တယ်နည်းပညာများ အလွန် အမင်း တဟုန်ထိုး တိုးတက်ပြောင်းလဲလာသည်နှင့် အညီ လူနေမှုပုံစံမှာလည်း သိသိသာသာပြောင်းလဲ သွားကြသည်။ လူအများသည် နံနက်မိုးလင်းသည် မှ အိပ်ရာ၀င် မျက်လုံးမှိတ်သည်အထိ လူမူကွန်ရက် ဆိုသည့် ဖေ့စ်ဘွတ်ကြည့်ခြင်းဖြင့် အချိန်ကုန်နေ ကြသည်။ ဖေ့စ်ဘွတ်တွင် သတင်းဖတ်ခြင်းနှင့် သတင်းဖလှယ်ခြင်းအပြင် တစ်နေ့တာအဖြစ် အပျက်၊ စိတ်ခံစားမှု၊ သာရေးနာရေး၊ မိသားစုအရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည်ဖြင့် တစ်နေ့တာ ဖြစ်ပျက်နေသည့် ဖြစ်စဉ်များကို အလွယ်တကူ ပွင့်ပွင့်လင်းလင်းမျှဝေ (ရှဲယ်) နေကြ သည်။
ဒေါက်တာသရဖီထွန်း DOCA (YGN)
=================
ဝင်းမော်ထွန်း
=======
Copyright © 2026. All rights reserved.
News and Periodical Enterprise