
ကလေးဘဝမှစတင်
ဘဝဟူသည်က အဆက်မပြတ်သင်ယူနေရ သောဖြစ်စဉ်တစ်ရပ်ပင် ဖြစ်သည်။ မွေးကင်းစ လူမှန်းသိစအရွယ်မှစကာ မိမိက ဘာသာစကား မတတ်သေးခင်မှာပင် ငိုခြင်းအသံပြုခြင်းဖြင့် ဆက်သွယ်သင်ယူသည်။ နို့ဆာပြီ ချိုတိုက်ကျွေး ပါဟု အချက်ပြအော်ငိုမည်။ အခင်းအဝတ်သေး စိုနေပြီ၊ ကျောအေးနေပြီဟု အချက်ပြအော်ငိုမည်။ နို့ဆာ၍ ငိုသံပေးသောအခါ နို့တိုက်ကျွေးသည်။ အခင်းအဝတ်စိုရွှဲနေခြင်းကို သိရသဖြင့် နွေးထွေး သောအဝတ်ကို လဲလှယ်ပေးသည်ကို ခံစားရသည်။ မွေးမိခင်၏ရင်ခွင်ထဲမှစတင်၍ အရာရာကို သင်ယူ လာရသည်။
လူသည် သင်ယူခြင်းအားဖြင့် လူလားမြောက် ကာ လူဖြစ်လာရသည်။ မိခင်ဖခင်က သင်ပြသည်။ စာသင်ခန်းတွင် ဆရာ ဆရာမက သင်ကြားသည်။ ပတ်ဝန်းကျင်ဆွေမျိုးဉာတကာများက ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနှင့် နေပုံထိုင်ပုံ ပြောပုံဆိုပုံများကို အတုမြင်၍ အတတ်သင်စေသည်။ မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါ နီးစပ်ရာ အသိုက်အအုံ ပတ်ဝန်းကျင်၏စရိုက်များလည်း ရယူလာတတ် သည်။ လူမျိုး၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်မှုဘာသာတရား၊ ရပ်ရွာဓလေ့ အစဉ် အလာတို့က လူတစ်ယောက်ကို အကောင်း၊ အဆိုး ပါ အချိန်နှင့်အမျှ လေ့ကျင့်ပုံသွင်းပေးခဲ့ကြသည်။
မိဘ
ဖခင်က ဒေါသထွက်လွယ်၊ စိတ်ဆိုးလွယ်လျှင် သားသမီးကလည်း ဖခင်နည်းတူ စိတ်ဆတ်သော အမူအကျင့်သဘောကိုတွေ့ရမည်။ မိခင်က ချိုချို သာသာ၊ ယဉ်ယဉ်ကျေးကျေး၊ အကျိုးသင့်၊ အကြောင်းသင့် နားဝင်အောင်ပြောဆိုတတ်သူ ဖြစ်ခဲ့လျှင် မိခင်၏နူးညံ့မှုကြောင့် ယဉ်ကျေးချိုသာ စွာပြောဆိုတတ်သည့် အမူအကျင့်ကို ရခဲ့ပေမည်။ မိဘတို့၏အပြုအမူကို စံနမူနာယူ၍ ငယ်စဉ်က အတုခိုးခဲ့ကြစမြဲပင်။
ပက်လက်ထားသည့်အတိုင်းနေရာမှ မှောက် တတ်လာမည်။ ခါးဆစ်ရိုးလေးများ သန်မာလာ သောအခါ ထိုင်တတ်လာမည်။ ခြေထောက်အရိုး အဆစ်များ ပိုမိုသန်မာလာသောအခါ မတ်တတ် ရပ်နိုင်လာမည်။ အချိန်ကြာလာသည်နှင့်အမျှ တစ်လှမ်းချင်းလှမ်းစပြုရာမှ တဖြည်းဖြည်း ပြေးနိုင် လွှားနိုင် ဆော့ကစားမြူးထူးနိုင်သော အခြေအနေ ရောက်လာမည်။ ကာယလည်း ဖွံ့ဖြိုးမည်။
အကြားအမြင်ဗဟုသုတလည်း စူးစမ်းမေးမြန်း သလောက် အသိတိုးလိမ့်မည်။
ဆရာ
ကျောင်းနေရမည့်အရွယ်သို့ ရောက်လာသော အခါ ရွယ်တူကလေးငယ်များနှင့်အတူ ကျောင်းစာ သင်ခန်းသို့ ဝင်ရောက်ရပေလိမ့်မည်။ လူ့သမိုင်း သည် မိခင်ဖခင်တို့၏နေအိမ်မှ သင်ကြားပြသ ခဲ့ကြခြင်းကြောင့် အကြီးအကျယ်ပြောင်းလဲတိုးတက် ခြင်းတော့ မဟုတ်ချေ။ ဆွေမတော် မျိုးမစပ်သော ဆရာ ဆရာမဆိုသော သူစိမ်းတစ်ရံ သင်ကြားပြသ သူများက သူတို့၏သားသမီးကဲ့သို့ ကြီးမားနွေးထွေး လှသောမေတ္တာတရားဖြင့် လွှမ်းခြုံလျက် သင်ဆရာ၊ ကြားဆရာ၊ မြင်ဆရာ၊ တွေးဆရာများကို သိမြင် နားလည်အောင် သင်ကြားပြသညွှန်ခဲ့ကြသဖြင့် လူပီသသောလူသားလေးများ ဖြစ်လာကြခြင်း ပါပေ။
ကျောင်းသင်ပညာ
မြန်မာနိုင်ငံရှိ လူဦးရေ ၅၄ သန်းကျော်တွင် ကျောင်းမနေခဲ့ဖူးသောသူများ ရှိခဲ့ကြပေသည်။ စာသင်ကျောင်းသည် ဘာသာစကား၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ သိပ္ပံ စသည့်ဘာသာရပ်သင်ခန်း စာများကိုသာ သင်သောနေရာမဟုတ်ပေ။ လူမှု ဆက်ဆံရေး၊ ယဉ်ကျေးမှု၊ လူသားအချင်းချင်း ဆက်နွှယ်ဆက်ဆံပုံ ကျင့်ဝတ်နီတိ၊ လူသားချင်း အပြန်အလှန်တန်ဖိုးထား လေးစားဆက်ဆံကာ ပူးပေါင်းဆောင်ရွက်ကြခြင်းအားဖြင့် ထူးခြားကြီးမား သောတိုးတက်အောင်မြင်မှုကို စုပေါင်းအားဖြင့် ဖန်တီးနိုင်စွမ်းရှိကြောင်း နားလည်တတ်မြောက်စေ ပါသည်။ ပန်းချီ၊ ဂီတ၊ အက၊ အားကစား၊ ကွင်းဆင်း လေ့ကျင့်ခြင်းများအပါအဝင် အပေါင်းအသင်းအစု အဝေးဖြင့် မရင်းနှီး မသိကျွမ်းခဲ့သူများနှင့် ချစ်ချစ် ခင်ခင် အတူတကွ အနုပညာရသခံစားနားလည်စာနာ စွာ နေထိုင်လာတတ်အောင် လေ့ကျင့်ပေးနိုင်သည်။ ကျောင်းမနေဖူးရှာသောကလေးများ ဤအခွင့်အရေး ဆုံးရှုံးခဲ့ရရှာ၏။ နွေးထွေးသော မိဘရင်ခွင်သည် လူ့ဘဝသို့ စတင်ရောက်ရှိလာရသော ကလေး တစ်ယောက်၏ ငယ်စဉ်ဘဝသည် အမှန်ပင်အရေးကြီး လှပါ၏။ ဆက်ဆံရေးပုံသွင်းခြင်းမှာ လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယမိနှင့်ဖဟု ဆိုရိုးစကားသည် အပြည့်အဝ မှန်ကန်ပါပေ၏။
ဆက်ဆံရေးနှင့် ပုံသွင်းခြင်း
စာသင်ကျောင်းနှင့် ဆရာ ဆရာမတို့၏ ပြုစု ပျိုးထောင်မှုကား မိဘထက်အရေးကြီးလှသည်ဟု မဆိုရဲသော်မှ မိဘပမာ ကလေးတစ်ယောက်၏ဘဝ ကို ရင့်ကျက်တိုးတက်အောင် ဖြည့်စွမ်းယုယသင်ပြ ကြခြင်းမှာ မိဘနှင့်နှိုင်း၍ တစ်ဂိုဏ်းတည်းထားရ မည်ဟု မှတ်သားဖူးပါသည်။ ရတနာသုံးပါးနှင့်အတူ၊ မိဘနှင့်အတူ ဆရာ ဆရာမတို့၏ ယုယကြင်နာ သင်ကြားပြသလမ်းညွှန်ခြင်းများသည် သူတို့၏ဘဝ တစ်လျှောက်လုံးအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ၊ ကိုယ်ကျင့်စာရိတ္တပိုင်းဆိုင်ရာ ခိုင်မာသန်မာ စေခဲ့ပါ၏။
မိဘမဲ့သော သားသမီး၊ အိမ်ထောင်ရေးပြိုကွဲ လျက် မိဝေးဖဝေး စိတ်ထဲမှာကျိတ်၍ ပူဆွေး ရင်နင့်ခဲ့ကြရသောကလေးမျိုး၊ ဝတ်ကျေတမ်းကျေ စေတနာနည်းသော ဆရာ ဆရာမ ညံ့ဖျင်းသူမျိုးနှင့် တိုးခဲ့ကြသော ကျောင်းသားမျိုးတို့မှာ အပြစ်အနာ အဆာအပဲ့အပိန်ပါသော လူစားအချို့ ဖြစ်ရတတ်ပေ သည်။
မိဘတို့၏ အခန်းကဏ္ဍ၊ ဆရာ ဆရာမတို့၏ အရေးပါပုံနှင့် အနာဂတ်တွင် လူကြီးများနေရာကို ရောက်ရှိလာကြမည့် ကလေးငယ်များအပေါ် လွှမ်းမိုး ရိုက်ခတ်ခြင်း၏အရေးပါပုံကို အကျယ်ဖော်ပြရသော် သမုဒ္ဒရာတမျှ ကျယ်ဝန်းနက်ရှိုင်းလှပေမည်။
ဤဆောင်းပါးတွင်ကား သမုဒ္ဒရာဆီသို့လည်း ခေါ်ဆောင်မသွားပါ။ ပင်လယ်ကမ်းခြေသို့လည်း မပို့တော့ပါ။ နမူနာရေတစ်စက်မျှသာ ဖော်ပြလျက် လူ့သမိုင်းစဉ်တစ်လျှောက်လုံးအတွက် လူ့အဖွဲ့ အစည်း၏ လူနေမှုဘဝအဆင့်အတန်း ကောင်းမွန် တိုးတက်စေအောင် အတတ်ပညာ၊ နည်းပညာ၊ အခြေခံပညာများ သင်ကြားပေးခဲ့သူများ၏ ကျေးဇူးတရားကို နားလည်သဘောပေါက်နိုင် လောက်သည်ဟု ယူဆပါသည်။
သင်ယူနိုင်စွမ်း
လူလူချင်း သင်ကြားသင်ယူမှုပြုလိုက်သော အခါ လူသည် ဉာဏ်ရည်အရာတွင် အခြားတိရစ္ဆာန် များထက် သဘာဝအရ များစွာသာလွန်သည့် အလျောက် ဆင်များကိုလည်း ချွန်းသေးသေးဖြင့် ထိန်းချုပ်စေခိုင်းနိုင်သည်။ မြင်းများကိုလည်း ပါးချပ်တပ်ဆင်ကာ စီးနင်းနိုင်သည်။ ရထားကို ဆွဲစေနိုင်သည်။ ဆင်ပေါင်း၊ မြင်းပေါင်းများစွာ ဖွဲ့စည်းလျက် ဆင်တပ်၊ မြင်းတပ်တို့ဖြင့် နိုင်ငံ၏ ဘုန်းတန်ခိုးအာဏာကို ထူထောင်နိုင်၊ ကာကွယ် နိုင်ခဲ့ကြသည်။ ကျွဲ၊ နွားများကို နဖားကြိုးထိုးကာ လယ်ထွန်ခြင်း၊ လှည်းတပ်၍ သယ်ဆောင်စေခြင်း စသည်ဖြင့် ခိုင်းစေနိုင်သည်။
ခေတ်အဆက်ဆက် ပြောင်းလာသောအခါ စိုက်ပျိုးရေးခေတ်၊ စက်မှုကုန်ထုတ်မှုခေတ်၊ နည်းပညာခေတ်၊ ယခုကား အဆင့်မြင့်နည်းပညာ ခေတ်သို့ပင် မိမိတို့ ရောက်ရှိလာခဲ့ကြပေပြီ။ လူဖန်တီးသော Robots စက်ရုပ်လူသားများက ဖန်တီးပြုလုပ်ထားသော ဉာဏ်ရည် Artificial Intelligence (AI) ပညာဖြင့် လူနှင့်မခြားလုပ်ဆောင် ပြနေကြပြီ။ မြန်မာနိုင်ငံ ပြည်သူများအတွက်ကား နည်းပညာခေတ်များမဆိုထားနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး ကမ္ဘာဦးလူသားသာသာမျှသော လူမှုစီးပွားဘဝအခြေအနေမှာ ရှိနေကြပါသေး၏။ ပြေး၍လိုက်မှ မီလုလုအခြေအနေမျိုးတွင် မိမိတို့ ထက် အရှိန်အဟုန်လျင်မြန်စွာ ပြေးနေကြသူ၊ ရှေ့ကလူအချို့က မိမိကိုမပြေးနိုင်ဘဲ တုံးလုံး ပက်လက်လဲကျအောင် ခြေထိုးခံကာအမျိုးမျိုး နှောင့်ယှက်ဟန့်တားသောအခြေအနေကို ကြုံတွေ့ နေကြရပေသည်။ ညစ်ပတ်စွာ ဒုက္ခလာပေးနေသူ များပါ။
အဆင့်မြင့် နည်းပညာခေတ်
အသံထက်မြန်သော ကျည်ဆန်ရထားများ၊ အသံထက် ၄-၅ ဆမြန်သော ဂျက်လေယာဉ်ပျံများ
U စာမျက်နှာ ၆ မှ
သုံးစွဲနေကြချိန်တွင် မိမိတို့မှာကား ထွန်စက်၊ ရိတ်စက်သုံးဖို့ပင်အနိုင်နိုင်။
တိုးတက်ဖွံ့ဖြိုးသော လူမှုစီးပွားရေးခေတ်ကို ရောက်အောင် မည်သည့်ကိန်းများက လွှမ်းမိုးပါ သနည်း။ တစ်ခွန်းတည်းပြောရမည်ဆိုပါလျှင်-
ပညာရေးပင်မဟုတ်ပေလော။
ပညာရေးကောင်းရမည်။
ပညာရေးမြှင့်မှ ဖြစ်မည်။
ပညာရေးကို မြှင့်တင်ကြရမည်။
ပညာရေးကို အားပေးကြရမည်။
အလုံးစုံ ပျက်သုဉ်းရေးသို့
မြန်မာပြည်သူများ တိုးတက်ဖွံ့ဖြိုးမည်ကို မလိုလားသူအချို့က အခြားနိုင်ငံများထက် အောက်ကျနောက်ကျကျန်ရစ်ခဲ့စေရန် ပညာရေး မဏ္ဍိုင်ကို အဓိကပစ်မှတ်ထားကာ ယိမ်းယိုင် ပျက်စီးစေရန် ဦးတည်တိုက်ခိုက် ဖျက်ဆီးနေကြ လေသည်။ ကြီးမားစွာ ရန်ပြုနေကြ
သည်။ ပြည်တွင်း၊ ပြည်ပ နှစ်ဖက်ညှပ်ချနေ
ကြသည် -
(၁) စာမသင်ရဲအောင် ဆရာ ဆရာမများကို သတ်ဖြတ်၊
(၂) ကျောင်းထိုင်သံဃာတော်များကို သတ်၊ ပစ်သတ်၊
(၃) စာမသင်နိုင်အောင် ကျောင်းများကို မီးရှို့၊
(၄) စာသင်လို့မရအောင် ကျောင်းဆောင်များ ဗုံးခွဲ၊
(၅) စာသင်သွားသောဆရာမများကို ခြိမ်းခြောက်၊
(၆) ကျောင်းသားများကို ကျောင်းမသွားရန် တား၊
(၇) ကျောင်းသားများ ရောဂါကာကွယ်ဆေး မထိုးကြစေရန် တားဆီးပိတ်ပင်၊
(၈) ကျောင်းများကို မီးရှို့၊ ဗုံးခွဲ၊
(၉) ပညာရေးမှူးရုံးများကို ဗုံးပစ်၊
(၁၀) ဆရာ ဆရာမများကို အွန်လိုင်းမီဒီယာ ပေါ်မှ ခြိမ်းခြောက်။
မြန်မာပြည်၏ အနာဂတ်အညွန့်အဖူး ကလေး သူငယ်၊ လူငယ်လူရွယ်၊ ကျောင်းသားကျောင်းသူ များကို နည်းအမျိုးမျိုးဖြင့် ရိုက်ချိုးဖျက်ဆီး တိုက်ခိုက်ချေမှုန်းနေကြသည်မှာ မြင်ရသမျှ၊ ကြားရ သမျှ ရင်နာကြေကွဲရပါ၏။ တိုင်းပြည်နှင့် လူမျိုး အတွက် အထိနာလှ၏။
လူငယ်များ ညံ့ဖျင်းမှ၊ နိမ့်ကျမှ၊ ပညာမတတ်မှ နိုင်ငံတကာနှင့် ယှဉ်ပြိုင်လျှင် မနိုင်တော့ဘဲ ရှုံးနိမ့် မှ ကျေနပ်အားရမည့် အကြမ်းဖက်သမား လူရမ်း ကား လူသတ်သမားများနှင့် လက်နက်ခဲယမ်း၊ မိုင်းဗုံးများ ထောက်ပံ့ပေးနေသူများ၏ ရိုင်းစိုင်း ယုတ်မာရက်စက်မှုသည် မြန်မာ့သမိုင်းတွင် ရာဇဝင် ရိုင်းလှသော အမည်းစက်ပင်မဟုတ်ပေလော။ ငုံ့ခံနေ၌မဖြစ်၊ တုံ့ပြန်မှ ဖြစ်ပေတော့မည်။
ရေတိုအခြေအနေမှာတော့ ကလေးမိဘများကို စိတ်ပျက်စိတ်ညစ်စေခဲ့သည်။ ဆရာ ဆရာမများကို ဝမ်းနည်းစေခဲ့ပြီ။ ရေရှည်မှာတော့ ပညာရေး အဓိကမဏ္ဍိုင်ကြီးကို အခြေအမြစ်ကစပြီး တူးဖြို ခုတ်လှဲနေသဖြင့် တိုင်းဆူပြည်ဖျက် အကြံပက်စက် မိုက်မဲလွန်းရုံမက သွေးအေးအေးနှင့် ရက်စက် ယုတ်မာလှပေစွဟု မှတ်တမ်းတင်ရမည်။ ရပ်သင့် ပြီဟုထင်သည်။ တားဆီးကြစို့။
ရပ်သင့်ပြီ
စာရေးသူက ဤနေရာမှ မေတ္တာရပ်ခံလိုသည် က လူသားချင်းစာနာထောက်ထားမှုကင်းသော အကြမ်းဖက်သူများအတွက် သမိုင်းနိဂုံးတော့ မကောင်းနိုင်ပါ။ လူတိုင်းလူတိုင်းက သူ့သမိုင်းကို သူရေးနေကြသည့် သမိုင်းရေးဆရာများပင်။ မိမိတို့ ၏သားသမီးများကို ပညာရေးပျက်စီးအောင် ဖျက်ဆီးလာသောရန်သူများကို တုံ့ပြန်ဖော်ထုတ် ရှင်းလင်းကြရန် အချိန်တန်ခဲ့ပေပြီ။ လူတိုင်း လူတိုင်းသည် အကြမ်းဖက်သမား၏ အဖျက်ရန်ကို နိုင်ငံနှင့်ပြည်သူ့အကျိုးအတွက် ရဲရဲရင့်ရင့်ပါဝင် ဆန့်ကျင်မှ သမိုင်းပေးတာဝန်ကျေပွန်ကြမည် မဟုတ်ပါလား။ ။
n
- Log in to post comments