ယနေ့ ကမ္ဘာ့နိုင်ငံအများစုဟာ မီဒီယာရဲ့သက်ရောက်မှုဒဏ်ကို အကြီးအကျယ်ခံနေရပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေပါပဲ၊၊ တည်ငြိမ်မှုနဲ့ အချုပ်အခြာကို အသည်းအသန်ကာကွယ်နေရတဲ့ နိုင်ငံအများစုဟာ မီဒီယာတွေရဲ့ခြိမ်းခြောက်မှုကို တစ်ဖက်သတ်အခံရဆုံးဖြစ်နေပါတယ်။ မီဒီယာတွေဟာ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုခု၊ နိုင်ငံရဲ့ဆန့်ကျင်ဘက်မှာ တစ်ဖက်သတ်ရပ်တည်ခွင့်ရသွားခဲ့ရင် ထိုနိုင်ငံ၊ ထိုလူ့အဖွဲ့အစည်းအတွက် အနုတ်လက္ခဏာ ဖြစ်သွားပါတယ်။