ယခုလ ၂၃ ရက်နေ့ထုတ်သတင်းစာများတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များအလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရားများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံလွှဲအပ်ကြောင်း သတင်းတစ်ပုဒ်ကိုဖတ်ခဲ့ရသည်။ ဒီသတင်း ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယာယီသမ္မတတာဝန်တွေလွှဲယူလိုက်ပြီ၊ ဒါဟာအခြေခံဥပဒေနဲ့မညီညွတ်ဘူး စသည်ဖြင့် သတင်းရဲ့ဆိုလိုရင်းကိုသိရှိအောင် သေချာစွာမဖတ်သည့်အပြင် ဥပဒေပြဋ္ဌာန်းချက်များ၏ ဆက်စပ်မှုကို ဂဃနဏမသိဘဲ ဥပဒေကိုလိုရာဆွဲပြီး အမျိုးမျိုးဝေဖန် ကြတာကို တွေ့ရသည်။