တိမ်ညိုများအုပ်မှိုင်းပြီး အနောက်တောင်ဘက်မှ မိုးခြိမ်းသံများနှင့်အတူ လျှပ်စီးများလက်ကာ မိုးများရွာသွန်းနေသဖြင့် နွေကာလကပူပြင်းခဲ့သောအပူချိန်မှာ လျော့နည်းသွားပြီး အေးမြသောအထိအတွေ့ကိုခံစားရကာ အရပ်ရှစ်မျက်နှာ၌ စိမ်းစိုလန်းဆန်းလျက်ရှိနေပါသည်။ နွေရာသီကာလပူပြင်းခြောက်သွေ့ပြီး အချို့သောကျေးလက်ဒေသများတွင် ရေရှားပါးမှုကို ခံစားခဲ့ရပြီး မိုးတွင်းကာလတွင် ရေတွင်း၊ ရေကန်များ၌ ရေများသိုလှောင်နိုင်သောကြောင့် ရေရှားပါးမှုကို အထောက်အကူပြုသော ကာလတစ်ခုဖြစ်ရာ စာရေးသူတာဝန်ထမ်းဆောင်ခဲ့သော “ရွှေကိုမလို ရေကိုလိုသော ကျေးရွာကလေး” အဖြစ် တင်စားခေါ်ဝေါ်ခဲ့သော သန်လျင်မြို့နယ် ဖားကူးအရှေ့ကျေးရွာလေး၏ နွေရာသီရေရှားပါးမှု ဆောင်ရွက်ခဲ့သည်များကို အတွေးပုံရိပ်ဝယ် တရေးရေးမြင်ယောင်လာမိပါသည်။