အာဖရိကဒေသတွင် မျောက်ကျောက်ရောဂါ ကူးစက်မှုများကြောင့် ပိုမိုကူးစက်မြန်ပြီး ပြင်းထန်သည့် ဗိုင်းရပ်စ်မျိုးကွဲထွက်ပေါ်နေသဖြင့် အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက သြဂုတ်လ ၁၃ ရက်နေ့တွင် အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့သည်။ ရောဂါဖြစ်ပွားမှု သိသိသာသာတိုးလာပြီး ကွန်ဂိုတွင် ယခုနှစ်စကတည်းက မျောက်ကျောက်ရောဂါ ကူးစက်ခံရသူပေါင်း ၁၅၆၀၀ ကျော်နှင့် သေဆုံးသူ ၅၃၇ ဦး အထိ ရှိခဲ့သည်။ ကွန်ဂိုအပြင် ဘူရွန်ဒီ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ ရဝမ်ဒါအပါအဝင် အခြားအာဖရိကနိုင်ငံများသို့လည်း ပျံ့နှံ့နေပြီး ထိန်းချုပ်နိုင်ရန် ပြင်းပြင်းထန်ထန် လုပ်ဆောင်ရမည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။