၁၉၇၀ ပြည့်နှစ်တွင် ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ၌ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်းကို စတင်တွေ့ရှိခဲ့သည့် Mpox(မျောက်ကျောက်)ရောဂါသည် အာဖရိကနှင့် အနောက်အာဖရိကတွင် ပုံမှန်အနေဖြင့်သာ ကူးစက်လေ့ရှိရာမှ ၂၀၂၂ ခုနှစ်တွင် အခြားနိုင်ငံအချို့သို့ပါ ကူးစက်ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါအသွင် ကူးစက်ပြန့်ပွားခဲ့၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (Public Health Emergency of International concern- PHEIC)အဖြစ် သတ်မှတ်ကြေညာ တုံ့ပြန်ဆောင်ရွက်ခဲ့ရာ ဖြစ်ပွားမှုသိသာစွာ ကျဆင်းခဲ့သည့် အတွက် ၂၀၂၃ ခုနှစ် မေလတွင် PHEIC အခြေအနေမှ ရုပ်သိမ်းခဲ့ပါသည်။