ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးကို Two Begums’ War (ဘွားတော်ကြီးနှစ်ဦး၏ စစ်ပွဲ) ဟု နိုင်ငံတကာရေးရာလေ့လာသူများက ဝိဂြိုဟ်ပြုလေ့ရှိကြသည်။ ဤအဆို သည်လည်း မမှားပါ။ ၁၉၇၁ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပေါ်ပေါက်လာပြီးနောက်ပိုင်း အဓိကနိုင်ငံခေါင်းဆောင် ငါးဦးသာရှိခဲ့ရာ ရှိတ်မူဂျီဘူရာမန်၊ ဗိုလ်ချုပ်ကြီး ဇီယာရာမန်၊ ဒုတိယဗိုလ်ချုပ်ကြီး ဟူစိန် မိုဟာမက်အာရှတ်၊ ဘီဂမ်ခါလီဒါဇီယာ (ဗိုလ်ချုပ်ကြီး ဇီယာရာမန်၏ ဇနီး) နှင့် ဘီဂမ်ရှိတ်ဟာဆီနာ (ရှိတ်မူဂျီ ဘူရာမန်၏ သမီး) တို့ ဖြစ်ကြသည်။ ရှိတ်မူဂျီ ဘူရာမန်မှာ ၁၉၇၅ ခုနှစ်တွင် လုပ်ကြံခံခဲ့ရပြီး ဗိုလ်ချုပ်ကြီး ဇီယာရာမန်မှာ ၁၉၈၁ ခုနှစ်တွင် လုပ်ကြံခံခဲ့ရသည်။ ယင်းနောက် ဆက်ခံသည့် ဒုတိယဗိုလ်ချုပ်ကြီးအာရှတ်မှာ ၁၉၉၀ ပြည့်နှစ်တွင် အတိုက်အခံနိုင်ငံရေးပါတီများ၏ အုံကြွဆန့်ကျင်မှုကြောင့် ရာထူးမှနုတ်ထွက်ပေးခဲ့ရသည်။