ပြည်တွင်းစားသုံးဆီဖူလုံဖို့ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးကြပါစို့
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံ နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ ဆန်၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကို အဓိကထားစိုက်ပျိုးလျက်ရှိသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဆီထွက်သီးနှံစိုက်ဧက ၈ ဒသမ ၂၄ သန်း စိုက်ပျိုးခဲ့ပြီးဖြစ်ပါသည်။ ဆီထွက်သီးနှံများကို ပြည်တွင်းစားသုံးခြင်းနှင့် ပြည်ပသို့တင်ပို့ ရောင်းချခြင်းတို့ရှိရာ ဈေးကွက်ရရှိမှုအရ မြေပဲနှင့်နှမ်းအမျိုးမျိုးတို့ကို ပြည်ပသို့တင်ပို့ပြီး စားအုန်းဆီ၊ နေကြာဆီ စသည့် စားသုံးဆီများကို ပြည်ပမှတင်သွင်းလျက်ရှိသည်။
