ကိုဗစ် - ၁၉ ကို စည်းလုံးညီညွတ်မှုစွမ်းပကားဖြင့် ကျော်လွှားသွားကြပါစို့
ဓမ္မဒူတဒေါက်တာအရှင်ဆေကိန္ဒ၏ပံ့ပိုးမှုဖြင့် မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်း တိုက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကအသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုကျောင်းတိုက်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် နိုင်ငံများမှ ပြည်တွင်းသို့ပြန်လည်ရောက် ရှိလာကြသူများ၊ ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ခဲ့သူများမှ မည်သည့် ရောဂါလက္ခဏာ တစ်စုံတစ်ရာမျှ မရှိသူများကို အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးအဖွဲ့များကိုလည်း တာဝန်ချထားမည်ဟုဆိုသည်။ ဝမ်းမြောက်ဖွယ်
