Skip to main content

စောစောပြော၊ စောစောသိ အားလုံးအကျိုးရှိဖို့ ဝိုင်းဝန်းကူညီကြပါစို့

လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ဖြစ်ပွားမှုအခြေအနေဟာ တစ်ကမ္ဘာလုံးက နိုင်ငံအသီးသီး ကူးစက်ပြန့်ပွားလျက်ရှိရာ ကျွန်တော်တို့ နိုင်ငံကိုလည်း ဒီရောဂါကူးစက် ရောက်ရှိလာခဲ့ပါပြီ။ COVID-19 ရောဂါ ယခုထက်ပိုပြီး မကူးစက်မပြန့်ပွား အောင် ကာကွယ်ထိန်းချုပ်ဖို့ လိုအပ်လာတာအမှန်ပါပဲ။ ထိန်းချုပ်ဖို့ဆိုရင် ကျွန်တော်တို့တစ်တွေအားလုံး မြို့ပေါ်ရော ကျေးရွာနေ ပြည်သူတွေပါ တစ်ဦးတစ်ယောက် မျှ မကျန်ဘဲ ညီညီညွတ်ညွတ်နဲ့ စုစည်းပူးပေါင်းပါဝင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ အားလုံးပါဝင် ဆောင်ရွက်ပြီး စနစ်တကျ တုံ့ပြန်တဲ့နည်းလမ်းဟာ အထိရောက်ဆုံး၊ အကောင်းမွန်ဆုံး ဖြစ်ပါလိမ့်မယ်။

ကောလာဟလဗိုင်းရပ်စ်အန္တရာယ်

တရုတ်နိုင်ငံ ဝူဟန်မြို့၌ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ(COVID-19)ကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မတ်လ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီ ၁၃ မိနစ်တွင် သတ်မှတ်ကြေညာခဲ့သည်။ ထိုနေ့မှစ၍ လူအချို့သည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကူးစက်ပျံ့နှံ့မှုအပေါ် ထိတ်ထိတ်ပျာပျာဖြစ်လာကြသည်။ မူမမှန်သော လှုပ်ရှားမှုအချို့ကိုလည်း တွေ့ရှိလာရသည်။

ကူးစက်ပျံ့နှံ့မှုမြင့်တက်လျက်ရှိ

Subscribe to