သတိပြုဖွယ် နိုင်ငံသားစိစစ်ရေးကတ်အတုနှင့် အွန်လိုင်းလိမ်လည်မှုအန္တရာယ်
ယနေ့မျက်မှောက်ကမ္ဘာတွင် နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုသည် အများပြည်သူ၏ နေ့စဉ်လူမှုဘဝများအတွက် များစွာအကျိုးရှိသော်လည်း အခြားတစ်ဖက်တွင် ဥပဒေနှင့်မညီသောလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အခွင့်အလမ်းများစွာဖြစ်စေပါသည်။ ယင်းတို့အနက် အင်တာနက်ကွန်ရက်ဆက်သွယ်မှုကို အသုံးချ၍ ကျူးလွန်သည့် လိမ်လည်မှုများသည် လတ်တလောသတိပြုရမည့် ပြည်သူများအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာပါသည်။
