Jan 16, 2024
အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီး စော်ကားမှုများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေနံနက် ၉ နာရီတွင် ပြင်ဦးလွင်မြို့၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
Jan 16, 2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကေတုမတီမုခ်ဦးရှေ့၊ မင်းကြီးညိုရုပ်ထုအနီးတွင် စုရပ်အဖြစ်သတ်မှတ်ပြီး ကန့်ကွက်ရှုတ်ချပွဲကျင်းပခဲ့သည်။
Jan 16, 2024
တောင်ကုတ်မှသစ်သားစက်ဘီးကို တီထွင်ဖန်တီးမှုက အင်တာနက်သုံးသူများကြားတွင် စိတ်ဝင်စားမှုမြင့်တက်နေပြီး အလားတူစက်ဘီးမျိုးကို ထပ်မံဆန်းသစ်ကာ ထုတ်လုပ်သွားမည်ဖြစ် ကြောင်း အဆိုပါ သစ်သားစက်ဘီးတီထွင်ဖန်တီးသူ ကိုဇော်မင်းထွန်းက ပြောသည်။
Jan 16, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့တွင် ယနေ့နံနက် ၉ နာရီအချိန်က ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီး၊ စော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ခရိုင်ဂေါက်ကွင်းမှ ပြည်ထောင်စုလမ်းမအတိုင်း၊ ၄င်းမှတစ်ဆင့် သုခလမ်း၊ အနောက်ကျောင်းလမ်း၊ လွိုင်လင်-ပင်လုံသွားကားလမ်းမှတဆင့် ပြည်ထောင်စုလမ်းမကြီးအတိုင်း ခရိုင်အားကစားကွင်းသို့ လမ်းလျှောက်စီတန်း လှည့်လည်ခဲ့ကြသည်။
Jan 16, 2024
ရန်ကုန် ဇန်နဝါရီ ၁၅ မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင်FM၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “စုပေါင်း ကာကွယ် ကောလာဟလအန္တရာယ်” ခေါင်းစဉ်ဖြင့် ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။ လာမည့်အပတ်ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “ လက်နက်ကိုင် သောင်းကျန်းသူများ၏ ဘုရားပုထိုးများဖျက်ဆီးမှုအပေါ် ကန့်ကွက်ရှုတ်ချ” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင် ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ် ရမည့်ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။ ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ သတင်းစဉ်
Jan 16, 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင်ဆောင်ပြေးဆွဲလျက်ရှိသည့် City Taxi ယာဉ်များ ဘေးနှစ်ဖက်ကိုယ်ထည်တွင် အဝါရောင်လိုင်း Sticker တပ်ဆင်ရန်ညွှန်ကြားထားရာ ဇန်နဝါရီ ၁၅ ရက်အထိ စာရင်းများအရ အဝါရောင်လိုင်း Sticker တပ်ဆင်ပြီးစီးမှု ၈၆ ရာခိုင်နှုန်းတပ်ဆင်ပြီးစီးနေပြီဖြစ်ပြီး ခန့်မှန်းယာဉ်အစီးရေ ၅၀၀၀၀ အထိရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC)မှ သိရသည်။
Jan 16, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကုသရေးဦးစီးဌာနက ဦးဆောင်၍ ပျဉ်းမနား ပြည်သူ့ ဆေးရုံကြီး ခုတင် ၂၀၀ နှင့် တပ်ကုန်းမြို့ပြည်သူ့ဆေးရုံ ခုတင် ၁၀၀ တို့က အထူးကု ဆရာဝန်များ ပါဝင်သောအဖွဲ့က ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်း မြို့နယ်သရက်ပင်ကျေးရွာ ဓမ္မရက္ခိတဘုန်းတော်ကြီးကျောင်း၌ ညောင်လွန့်ကျေးရွာအုပ်စု၊ ကြိုးကြာအင်းကျေးရွာအုပ်စု၊ သစ်ဆိမ့်ပင်ကျေးရွာအုပ်စု၊ အုန်းပင်ကျေးရွာအုပ်စုနှင့် တဲမြင့်ကျေးရွာအုပ်စုတို့မှ ဒေသခံပြည်သူများကို ကွင်းဆင်း၍ အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
Jan 16, 2024
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန် ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 16, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ရှိအဆောက်အဦ ဦးစီးဌာန အဆောက်အဦ အထူးအဖွဲ့(၃)မှ ကမ္ဘောဇသာဒီနန်းတော် ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးသည်။
Jan 16, 2024
မဟာဝိဇ္ဇာ(ယဉ်ကျေးမှု အမွေအနှစ်ပညာ)နှင့် မဟာဝိဇ္ဇာ(ပြတိုက်ပညာ) သင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၌ ကျင်းပသည်။
Jan 16, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ဗုဒ္ဓတက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒအား ဖူးမြော်ကြည်ညိုကာ သင်္ကန်းပရိက္ခရာများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
Jan 16, 2024
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ရွှေဘိုမြို့နယ် ဘုတ်ကုန်းကျေးရွာ၌၊ ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအားဖျက်ဆီး စော်ကားနေ သည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ယမန်နေ့ ညနေ(၃)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jan 16, 2024
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ငါးနှစ်သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။
Jan 16, 2024
၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင်ငါးအုပ် သို့မဟုတ် ငါးစောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည် ဖြစ်ပါသည်။
Jan 16, 2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ၂၀၂၄ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အလွတ်တန်းဆောင်းပါးပြိုင်ပွဲကို “အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး” ခေါင်းစဉ်ဖြင့် ကျင်းပသွားမည် ဖြစ်ပါသည်။
Jan 16, 2024
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်ဦးစီးသည့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန် ယနေ့တွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာသို့ ရောက်ရှိကြပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ကြသည်။
Jan 16, 2024
တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးအဝင် ကွန်ကရစ်လမ်းပြုပြင် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Jan 16, 2024
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မန္တလေးတိုင်းဒေသကြီး၌ မြန်မာအီလက်ထရောနစ် မဲပေးစက် အသုံးပြုမဲပေးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှအရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီ ခြောက်ပါတီမှပါတီဥက္ကဋ္ဌနှင့် အမှုဆောင်များ တက်ရောက်ကြသည်။
