Skip to main content

Aug 03, 2024

မြန်မာနိုင်ငံစာရင်းကောင်စီကကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင် နှင့်စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်တွင်ဖွင့်လှစ်သည့် နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းစံများဆိုင်ရာ ဒီပလိုမာသင်တန်း (Diploma in International Financial Reporting Standards- Dip IFRS) အမှတ် စဉ်(၁)၊ အပိုင်း(၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2024

ရခိုင်ပြည်နယ် မောင်တောမြို့ပေါ်ရှိ ရပ်ကွက်တစ်ခုကို လူငယ် ၃၀ စီ စစ်သင်တန်းတက်ရောက်ရန် တပ်မတော်က အဓမ္မတောင်းခံနေသည့်အတွက် မွတ်ဆလင်လူငယ်များ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးနေကြောင်း မီဒီယာအမည်ခံ AA အကြမ်းဖက်အဖွဲ့၏ လူမှုကွန်ရက်များတွင် မဟုတ်မမှန် လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းတို့သည် ယနေ့နံနက်ပိုင်းက မိုးရာသီကာလ ရေကြီးမှုဖြစ်စဉ်များကြောင့် ရေဘေးသင့်ခဲ့ကြသော ပဲခူးမြို့ပေါ်ရပ်ကွက်များရှိ ရေဘေးရှောင်စခန်းများမှ ရေဘေးသင့်ပြည်သူများကို သွားရောက် တွေ့ဆုံအားပေးစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2024

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပရာ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ဆပ်ကော်မတီများမှအတွင်းရေးမှူးများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2024

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဗဟိုအေဂျင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်တို့သည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် လျှောပင်ကျေးရွာရှိ ဦးသိန်းဝင်း၏ ချည်စက်တွင် နေရောင်ခြည်စွမ်းအင်သုံးဆိုလာဖြင့် အထည်များရက်လုပ်နေမှု၊ ဦးဇော်လွင်၏ ဖြိုးဖြိုးအထည်စက်၊ ဦးဆန်းမင်းမြတ်၏ ရက်ကန်းလုပ်ငန်း၊ ဦးအောင်မိုး၏ မြခြူးချည်ချောလုံချည်များရက်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်အားပေးကြည့်ရှုပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2024

စက်မှုဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများက နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွန့်လွှတ်စွန့်စားစွာဖြင့် စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသည့် ရှေ့တန်းရောက်တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာနှင့်မွန်မြတ်သည့် စိတ်ထားများအရင်းခံ၍ ငါးပိကြော်၊ ငံပြာရည်ကြော်၊ ဗာလချောင်ကြော်၊ အသင့်စားခေါက်ဆွဲခြောက်များ၊ ငါးသေတ္တာဘူးများ၊ ဘီစကွတ်များ၊ ငါးပိထောင်းဘူးများ၊ ကော်ဖီမစ်ထုပ်များ၊ ဓာတ်ဆားထုပ်များ၊ ဆေးဝါးများ ထုပ်ပိုးခြင်းလုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်နေမှုတို့ကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်နှင့် တာဝန်ရှိသူများက လှည့်လည်အားပေးကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2024

နိုင်ငံတော်၏အချုပ်အခြာအာဏာကို ဦးလည်မသုန် အစဉ်ကာကွယ်နေသော၊ တရားသောစစ်ကိုဆင်နွှဲနေသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများကစေတနာ၊ မေတ္တာအပြည့်ဖြင့် စုပေါင်းကာ စိတ်အားထက်သန်စွာဖြင့် ချက်ပြုတ်ကြော်လှော်ထားသော စားသောက်ဖွယ်များကို ထောက်ပံ့လှူဒါန်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများအား စနစ်တကျထုပ်ပိုးနေမှု၊ လှူဒါန်းပေးပို့နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းနှင့် ညွှန်ကြားရေးမှူးချုပ်များက လိုက်လံကြည့်ရှုအားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2024

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံ‌ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များအတွက် ဥပဒေရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စေတနာဖြင့် စု‌ပေါင်းလျက် စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေး ယနေ့နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာန ‌မြေညီထပ်အစည်းအဝေးခန်းမ၌ ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းမိသားစုများ ကိုယ်တိုင်စိတ်အားထက်သန်စွာဖြင့် စားသောက်ဖွယ်ရာများ ပြင်ဆင်ထုပ်ပိုးနေမှုများကို ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးတို့က လိုက်လံကြည့်ရှု အားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2024

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး မစ္စတာအလက်စ်ဇန်းဒါး ဆာဂီးဗစ်ရှ် ရှတီရော့ဗ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ ဖိုတိုလစ်သို ပုံနှိပ်စက်ရုံ၌ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2024

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် လူမှုရေးဦးတည်ချက်၌ “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး”ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာပါမှ မိမိအကျိုး၊ နိုင်ငံအကျိုးကို အားသွန်ခွန်စိုက် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2024

အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူလူထုပိုမိုသိရှိပြီး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်၍ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များကို ကျင်းပလျက်ရှိရာ နှစ်စဉ်ဩဂုတ် လ ပထမရက်သတ္တပတ်ကို မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်၊ ဒုတိယရက်သတ္တပတ်ကို ငါးနှစ်အောက်နှင့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ တတိယ ရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ စတုတ္ထရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေး ရက်သတ္တပတ်များအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2024

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၊ ရေဘေးသင့် ရပ်ကွက်အချို့ရှိ ဒေသခံများထံ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ ဇူလိုင်လ ၃၁ ရက်နေ့က စစ်မှုထမ်းထောက်ပံ့ရန် အကြောင်းပြကာ ငွေကြေးကောက်ခံခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်လုပ်ကြံရေးသားလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2024

အကြမ်းဖက်သမားများသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်၊ ဒေသတွင်းကုန်စည်စီးဆင်းမှုရပ်တန့်စေပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနေထိုင်လျက်ရှိသောနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကျေးရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ Drop Bomb များကြဲချတိုက်ခိုက်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေသည်ကို ပြည်သူလူထုအသိပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2024

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်သတင်းအရ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ကမ်းနားကွင်းကျေးရွာ၊ ခါးပြတ်ချောင်းအတွင်း မောင်းနှင်လာသည့် ကုန်တင်စက်လှေအား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ရပ်တန့်ခြင်းမရှိဘဲ အရှိန်တင်မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ဌေးအောင်၊ ကျော်မြင့်နိုင်၊ ရဲဝင်းနိုင်၊ စောဟန်နှင့် ဆိတ်ဖေတို့ ၅ ဦးအား ဒေသကာလတန်ဖိုးငွေကျပ် ၆၉ ဘီလီယံတန်ဖိုးရှိစိတ်ပြောင်းဆေးဝါး အိုက်စ်(မက်သ်အဖက်တမင်း) ၂ ဒသမ ၃ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊

ဆက်လက်ဖတ်ရှုရန်

Aug 02, 2024

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ဒုတိယအပတ်မှ စတင်၍ မိုးများသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၃၁ ရက် ညနေအထိ တိုင်းတာချက်အရ တနင်္သာရီမြို့နယ်၏ အန္တရာယ်ရေအမှတ်ဖြစ်သည့်(၂၄)ပေအထက် (၇)ပေတိတိ ကျော်လွန်ကာ (၃၁)ပေသို့မြစ်ရေဝင်ရောက်ခဲ့ရာမှ ယနေ့နံနက် ၉ နာရီအချိန်၌ (၂၇) ပေအထိ တဖြည်းဖြည်းပြန်လည်ကျဆင်းခဲ့ပြီး မြစ်ရေတံ့လျက်ရှိနေကြောင်း မြို့တွင်းရေဝင်ရောက်မှုအခြေအနေမှာ အမြင့်ဆုံးနေရာ၌ တစ်ပေခန့်နှင့် အနိမ့်ဆုံးနေရာတွင် ကိုးပေခန့်ရှိနေသေးကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2024

နောင်ချိုမြို့နယ်၌ ထိန်းချုပ်ဓာတုပစ္စည်း Sodium Cyanide များ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2024

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ဗဟိုအဆင့်နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်