Nov 19, 2024
လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်နေသည့် မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏ နေအိမ်အဆောက်အဦများ၊ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများကို အသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူလူထုကို လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေးယာယီနေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါလက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏အသုံးချမှု မခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန်လိုအပ်ကြောင်း။
Nov 19, 2024
မဟာမဲခေါင်ဒေသခွဲ နိုင်ငံများ၏ ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲနှင့် မြန်မာနိုင်ငံငှက်ဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စာတမ်းဖတ်ပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ တာ့လီမြို့၌ နိုဝင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ဗဟိုကူးစက်) ဒေါက်တာ ထွန်းတင်တို့ တက်ရောက်ခဲ့ကြသည်။
Nov 19, 2024
၁။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန /အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
Nov 19, 2024
အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသည့် PDF အဖွဲ့များအား တစ်ဖက်တစ်လမ်းမှ ထောက်ပံ့လှူဒါန်းစေရန်၊ လူငယ်လူရွယ်များ၏ မသိစိတ်များအတွင်း တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်နှင့် တော်လှန်လိုစိတ်တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် NUG,CRPH လက်အောက်ခံအကြမ်းဖက်အဖွဲ့အစည်းများက PDF Game Application များ တီထွင်ဖန်တီးအသုံးပြုလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည့်အတွက် PDF Game ဆော့ကစားခြင်းသည် အကြမ်းဖက်အဖွဲ့အား ထောက်ပံ့ခြင်းဖြစ်၍ ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပေးအပ်ပါသည်။
Nov 19, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၁ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၃၂၀၀၀) ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၆၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၇၉၈၃၂၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Nov 19, 2024
၁။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းရန်နှင့် သတင်းပို့ရန်တို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါကြောင်း ထုတ်ပြန်အပ်ပါသည်-
Nov 19, 2024
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီခွဲက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တပင်ရွှေထီးလမ်း သန့်ရှင်းသာယာ သပ်ရပ်ရေးဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာကောင်းမွန်စေရေး လမ်းဘေးရေမြောင်းများအတွင်းရှိ အမှိုက်များ ဆယ်ယူရှင်းလင်းရန်၊ လိုအပ်သည့် စက်ယန္တရားအသုံးပြု၍ လမ်းဘေးဝဲယာအမှိုက်များ ရှင်းလင်းရန်နှင့် တပင်ရွှေထီးလမ်း သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ရန် မှာကြားသည်။
Nov 19, 2024
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ ‘‘အကြမ်းဖက်သမားတွေရဲ့ လက်သုံးစကားဒလန်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အပြစ်မဲ့ပြည်သူများ သတ်ဖြတ်ခံနေရ’’ ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၂၀ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
Nov 19, 2024
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ် (၁၀၀) ပြည့်အထိမ်းအမှတ် အတည်ပြုရွေးချယ်ထားသည့် အမှတ်တံဆိပ် Logo အား အထူးထုတ်စာပို့တံဆိပ်ခေါင်းအဖြစ် (၂၀၀ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက် (ကြာသပတေးနေ့) နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်းရောင်းချပေးသွားမည်ဖြစ်သည်။
Nov 19, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ရန်ကြီးအောင် ငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲကို မြစ်ကြီးနားမြို့ ရပ်ကွက်ဓမ္မာရုံ၌ ကျင်းပသည်။
Nov 19, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် မိုးကြိုးလွှဲတပ်ဆင်ဆောင်ရွက်ခြင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Nov 19, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများပါဝင်သည့် အားကစားကွင်းအတွင်း ကြိုဆိုနေရာချထားမည့်အစီအစဉ် ကြိုတင်လေ့ကျင့်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။
Nov 19, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအနေဖြင့် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် Naypyitaw State Polytechnic University ကို စတင်ဖွင့်လှစ်မည်ဖြစ်ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့သည် ယနေ့နံနက်ပိုင်းတွင် Polytechnic University ဖွင့်လှစ်နိုင်ရေး သင်ထောက်ကူပစ္စည်းများ စီစဉ်ထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
Nov 19, 2024
အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးဇော်ဦးသည် ၎င်း၏ခန့်အပ်လွှာကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်တွင် အိန္ဒိယသမ္မတနိုင်ငံ၊ နယူးဒေလီမြို့ရှိ သမ္မတအိမ်တော်၌ အိန္ဒိယသမ္မတနိုင်ငံ သမ္မတရှရီမတီ ဒရောပါဒီမာမူထံသို့ ပေးအပ်ခဲ့ပြီးဖြစ်သည်။
Nov 19, 2024
အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ် (၁၄) ၏ သင်တန်းဖွင့်ပွဲကို ယနေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)ရှိ ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Nov 19, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ် အလယ်ကျွန်းကျေးရွာအုပ်စု တံတားကြီးကျေးရွာအတွင်း ရေဝပ်မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(တည်ဆောက်ရေး-၅)မှ ဆောင်ရွက်သည့် ကျေးရွာရေဆိုးထုတ်မြောင်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။
Nov 19, 2024
၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
Nov 19, 2024
သက်ရှိလူသတ္တဝါများ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် သန့်ရှင်းသောလေကို စက္ကန့်မလပ်ရှူရှိုက်နေရသည်။ ထမင်းအသက် ခုနစ်ရက်၊ ရေအသက်တစ်မနက် ဆိုကြသည်ထက် လေအသက်သည် စက္ကန့်မိနစ်ပိုင်းမျှသာကြာမြင့်သဖြင့် သန့်ရှင်းသောလေရှူရှိုက်ရေးသည် အရေးတကာအရေးတွင် အရေးအကြီးဆုံးဖြစ်ပေသည်။ အောက်ဆီဂျင်ဟု ခေါ်ဆိုသောလေကို မရှူရှိုက်ရပါက အသက်သေဆုံးနိုင်ပြီး မသန့်ရှင်းသောလေကို ရှူရှိုက်ရပြန်လျှင်လည်း သက်တမ်းတိုခြင်းကို ဖြစ်နိုင်ပေသည်။
Nov 19, 2024
မြန်မာ့တိုင်းရင်းဆေးပညာသည် စာနှင့်ပေနှင့် သမိုင်းတင်နိုင်သည့် ခေတ်များ၌ပင် ပညာရပ်တစ်ခုအနေဖြင့် ပေါ်ပေါက်နေခဲ့ပြီး ခေတ်အဆက်ဆက်တွင် ထွန်းကားလာခဲ့သည်ဟု ယုံကြည်ကြသည်။ ခိုင်လုံသည့် မှတ်တမ်းတစ်ရပ်အနေဖြင့်မူ ပုဂံမြို့ ဝက်ကြီးအင်းအရပ်တွင် တွေ့ရှိရသော အင်းဝခေတ်ထိုးတက်နွယ်ကျောင်း ကျောက်စာတွင် အလှူရှင်တောင်တွင်းမင်းသီရိဇေယျသူရ ဇနီးမောင်နှံတို့လှူဒါန်းသည့် ပစ္စည်းများစာရင်းတွင် ဗုဒ္ဓပိဋကတ်တော်များနှင့်အတူ အာယုဗ္ဗေဒဆေးကျမ်းများစွာတို့ကို ပေးလှူခဲ့ကြောင်း ဆေးကျမ်းအမည်များနှင့်တကွ ဖော်ပြထားခြင်းဖြစ်သည်။ အင်းဝနရပတိမင်းလက်ထက်တွင် ထိုးခဲ့သည့် ထိုကျောက်စာသည် မြန်မာ့တိုင်းရင်းဆေးပညာသမိုင်းအတွက် အစောဆုံးအထောက်အထားဖြစ်သည်။
Nov 18, 2024
နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ (၂၈) လမ်း (မြောက်ဘက်)၊ အောင်သာယာရပ်ကွက်တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော လူမှုစီးပွားမြှင့်တင်ရေးပါတီကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။
