Nov 20, 2024
ဘရာဇီးလ်နိုင်ငံ၏ (၂၀၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဧည့်ခံပွဲကို ယနေ့ ညနေ ၅ နာရီခွဲတွင် ရန်ကုန်မြို့ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာရှိ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်နိုင်ငံ သံအမတ်ကြီး၏နေအိမ်၌ ကျင်းပသည်။
Nov 20, 2024
ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 20, 2024
သွားလာရေးနှင့်လူမှုရေးခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆)ခုတို့မှ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာခေါ်ယူကြောင်း ကြေညာချက်
Nov 20, 2024
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ပျဉ်းမကျင်းကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Nov 20, 2024
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ပျဉ်းမကျင်းကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Nov 20, 2024
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ဘွဲ့ကြိုတန်းများနှင့် ဘွဲ့လွန်တန်းများကို ၁၄-၁၁-၂၀၂၄ ရက်မှစတင်၍ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပိတ်ရက်မရှိကျောင်းအပ်လက်ခံပြီး ၂၁-၁၁-၂၀၂၄ ရက်မှစတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
Nov 20, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံတို့သည် ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဒေါ်နုမြဇံ၊ ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများ ကျင်းပမည့် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းသို့သွားရောက်၍ ကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။
Nov 20, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Nov 20, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန မုံရွာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်းကို ယင်းတက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။
Nov 20, 2024
မြန်မာနိုင်ငံသည် သယံဇာတပစ္စည်းများ ပေါများကြွယ်ဝသောနိုင်ငံဖြစ်သည်။ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သဘာဝသယံဇာတပစ္စည်းများ အလျှံပယ် ထွက်ရှိလျက်ရှိသည်။ မြန်မာနိုင်ငံသည် မြောက်ဘက်တောင်ကုန်းဒေသ၊ အရှေ့ဘက် တောင်ကုန်းနှင့် ကုန်းပြင်မြင့်များ၊ တနင်္သာရီတောင်တန်းဒေသတို့သည် သက်ရင့် ကျောက်များဖြင့် တည်ဆောက်ဖွဲ့စည်းထားသောကြောင့် ထိုဒေသများ၌ ကျောက်နီ၊ ခဲ၊ သွပ်၊ ရွှေ၊ ငွေ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း စသည့် တွင်းထွက်ရတနာမျိုးစုံထွက်ရှိသည်။
Nov 20, 2024
ပြီးခဲ့သည့် တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ ဒေသအသီးသီးတို့တွင် ရိုးရာဓလေ့အလိုက် ကျင်းပကြသည့် ပွဲတော်များ အံ့ဩဖွယ်ကောင်းလောက်အောင်ပင် စည်ကားသိုက်မြိုက်ခဲ့သည်။ နိုင်ငံတစ်ဝန်းဟုဆိုရာတွင် တည်ငြိမ်အေးချမ်းမှုရှိသော၊ ငြိမ်းချမ်းသော မြို့ရွာများတွင်သာဖြစ်ပြီး အကြမ်းဖက်လက်နက်ကိုင် တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည့် ဒေသများတွင်မူ ဆန့်ကျင်ဘက်အခြေအနေများအဖြစ် ပျော်ရွှင်အေးချမ်းမှုတို့ ဆိတ်သုဉ်းနေကြမည်ဖြစ်သည်။ ထောင်သောင်းမက များပြားလှစွာသော ပြည်သူများ ပျော်ရွှင်ချမ်းမြေ့စွာ ပါဝင်ဆင်နွှဲကြသည့် ဘုရားပွဲတော်၊ မီးထွန်းပွဲတော်၊ မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲတော်၊ မီးပုံးပျံပွဲတော်၊ မီးရှော်တိုင် မီးကြာစံပွဲတော်၊ ဂီတပွဲတော်၊ ဈေးရောင်းပွဲတော်တို့၏ ကြက်ပျံမကျ စည်ကားလှသည့် ပုံရိပ်များက ငြိမ်းချမ်းစွာနေထိုင်လိုကြသည့် ပြည်သူတို့၏ စစ်မှန်သောဆန္ဒကို ထင်ဟပ်ပေါ်လွင်စေသည်။
Nov 19, 2024
၂၀၂၄ ခုနှစ် ၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်
Nov 19, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Nov 19, 2024
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ပိတ်ပွဲကို နိုဝင်ဘာ ၁၇ ရက် ညပိုင်းတွင် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်ရှိ အဝေရာမီးပုံးပျံကွင်း၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ယဉ်ကျေးမှုအကအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ခရီးသွားပွဲလာပရိသတ်များ တက်ရောက်ကြသည်။
Nov 19, 2024
ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေစင်ရွှေပြားသင်္ကန်းတော်များ စတင်ကပ်လှူပူဇော်ခြင်းနှင့် ရွှေပြားသင်္ကန်းတော်များ လှည့်လည်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။
Nov 19, 2024
စင်ကာပူနိုင်ငံတွင် နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းကော်မရှင်က ဦးဆောင်ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းကွန်ဖရင့်နှင့် ဆက်စပ်၍ စင်ကာပူနိုင်ငံခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အာဆီယံအပျော်စီးသင်္ဘောခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။
Nov 19, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ သမဝါယမအသင်းအမှုဆောင်များအတွက် သမဝါယမအသင်းများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဗဟိုသမဝါယမအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Nov 19, 2024
၁။ ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ - ၂၂ တွင် အောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့စစ်မှုထမ်းတာဝန်မှ ကင်းလွတ်စေရမည်ဟု ပြဋ္ဌာန်းထားပါသည်-
Nov 19, 2024
လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ကျား/မ(သို့မဟုတ်) မည်သူမည်ဝါဖြစ်သည်ဆိုသည့် အကြောင်းအရာတို့အပေါ် အခြေပြု၍ လူပုဂ္ဂိုလ်တစ်ဦး(သို့မဟုတ်) လူအုပ်စုတစ်စုကို မျှတမှုမရှိစွာ ဝေဖန်သည့် (သို့မဟုတ်) မလိုမုန်းထားမှုကို ဖော်ပြသည့်ဆက်ဆံမှုတစ်မျိုးမျိုးကို ရည်ညွှန်းပြီး အကြမ်းဖက်ရန် လှုံ့ဆော်ခြင်းသည် အမုန်းစကားပင်ဖြစ်သည်။
Nov 19, 2024
၁။ ပြည်သူအတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူကိုသတ်ဖြတ်၊ လုယက်ခြင်းကို CRPH ၊ NUG ၊ PDF အမည်ခံအကြမ်းဖက်အုပ်စုများက ဥပဒေမဲ့ကျူးလွန်နေသည်။
