Skip to main content

Nov 07, 2022

ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်များထဲမှ တစ်ရက်ဖြစ်သည့် တန်ဆောင်မုန်းလပြည့် သာမညဖလပွဲတော်နေ့ဖြစ်သည်နှင့်အညီ တန်ဆောင်တိုင် ပွဲတော်၊ မီးထွန်းပွဲတော်တို့ကို မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းတစ်ရပ်အဖြစ် ထိန်းသိမ်းလက်ဆင့်ကမ်းပြီး နှစ်စဉ်ကျင်းပပြုလုပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 07, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 07, 2022

ယနေ့သည် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) ဖြစ်သည်။ သာမညဖလသုတ္တန်ဒေသနာတော် (ရဟန်းပြုခြင်းအကျိုး) ကို ဗုဒ္ဓဘုရားရှင်က တန်ဆောင်မုန်းလပြည့် ညမြတ်တွင် ရာဇဂြိုလ်ပြည့်ရှင် အဇာတသတ်မင်းအား အကြောင်းပြု၍ ဟောတော်မှုခဲ့ခြင်းကို သာသနာ့မှတ်တိုင် စိုက်ထူသောအားဖြင့် တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖအခါတော်နေ့အဖြစ်သတ်မှတ် ကျင်းပခဲ့ခြင်းဖြစ်သည်။ တန်ဆောင်မုန်းလပြည့်နေ့ကို ရှေးအခါက ကြယ်တာရာနက္ခတ်ပေါင်းစုံ ကွန့်မြူးသဖြင့် နက္ခတ်သဘင်အခါကာလဟု သတ်မှတ်ကာ နက္ခတ်တာရာများအား ဆီမီးရောင်စုံဖြင့် ထွန်းညှိပသပူဇော်သော မီးထွန်းပွဲတော်ကို ကျင်းပခဲ့ခြင်းလည်းဖြစ်သည်။ သို့ရာတွင် ထေရဝါဒဗုဒ္ဓသာသနာထွန်းကားသော မိမိတို့မြန်မာနိုင်ငံသည် ဆီမီးထွန်းခြင်းကို ဘုရားရှင်အား ပူဇော်ခြင်းအဖြစ် ပြောင်းလဲကျင်းပခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 07, 2022

ယနေ့သည် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) ဖြစ်သည့်အတွက် မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များက ရှေးထုံးအစဉ်အလာမပျက် တန်ဆောင်မုန်းလပြည့်နေ့ ပွဲ‌တော်များကို ကျင်းပကြသည့်နည်းတူ မန္တလေးမြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌လည်း ကုသိုလ်ကောင်းမှုပြုကြသူများ၊ အပန်းဖြေစခန်းများ၌ လာရောက် အပန်းဖြေကြသူများဖြင့် မြို့လုံးအနှံ့ အထူးစည်ကားများပြားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 07, 2022

ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ - ဒေသတွင်းအဆင့်ပြိုင်ပွဲ (10th ASEAN Quiz - Regional Level)ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ ၁၆ ရက်အထိ နေပြည်တော် MICC-II တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ရာ အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုပါဝင်ယှဉ်ပြိုင်မည့် ကျောင်းသား ကျောင်းသူသုံးဦးနှင့် အရန်ကျောင်းသား ကျောင်းသူနှစ်ဦးတို့ကို အပြီးသတ်ရွေးချယ်ကာ ပြိုင်ပွဲတွင် အဆင့်မီအောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများက အာဆီယံဆိုင်ရာဗဟုသုတများ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 07, 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)၌ တည်ဆောက်လျက်ရှိသည့် ဆိပ်ခံဗောတံတား စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု များကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 07, 2022

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Nov 07, 2022

လာအိုနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၉)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး (19th ASEAN Air Chiefs Conference – 19th AACC) သို့ တက်ရောက်ခဲ့သော ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 07, 2022

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)သို့ သွားရောက်စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 07, 2022

(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာယဉ်ကျေးမှုဒုံးအကပြိုင်ပွဲကို ယမန်နေ့ညပိုင်းတွင် ဘားအံမြို့ ဒုံးယိမ်းကွင်း၌ စတင်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်