Feb 27, 2020
မကွေး ဖေဖော်ဝါရီ ၂၇
မကွေးတိုင်းဒေသကြီး စာကြည့်တိုက်များရန်ပုံငွေ ကြီးကြပ်မှုကော်မတီနှင့် မကွေးတိုင်းဒေသကြီး စာကြည့်တိုက်ဖောင်ဒေးရှင်းတို့မှ ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များအတွက် အလှူငွေနှင့် စာအုပ်စာစောင်များအား ယမန်နေ့ နေ့လယ် ၂ နာရီက မကွေးခရိုင် လူထုအခြေပြု ဗဟိုဌာန၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Feb 27, 2020
ဖလမ်း ဖေဖော်ဝါရီ ၂၇
ဂျပန်လေကြောင်းပညာရှင် Strengthening of Civil Aviation Safety Oversight in the Republic of the Union of Myanmar Project မှ Akira HAHRDA ဦးဆောင်သော ပညာရှင်များသည် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအို၊ ဖလမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြားအွယ် တို့နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဆူရ်ဘုန်လေဆိပ် စီမံကိန်းအား ကြည့်ရှုစစ်ဆေးသည်။
Feb 27, 2020
မန္တလေး ဖေဖော်ဝါရီ ၂၇
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့ နံနက်ပိုင်းက ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် မန္တလေးတိုင်းဒေသကြီး ပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များမှ တင်ဒါလက်ခံရယူ ဆောင်ရွက်နေသည့် ပုံနှိပ်တိုက်များသို့ သွားရောက်၍ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ် ရိုက်နှိပ်ပြီးစီးမှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးသည်။
Feb 27, 2020
လမ်းပေါ်တွင် ပုံမှန်အတိုင်း မိမိဘာသာ ကားမောင်းနေစဉ် နံဘေးမှ ရုတ်တရက် ထိုးဝင်လာသည့် ကားကြီး တစ်စီးကို ကြုံလိုက်ရ သည့်အခါမျိုးတွင်လည်းကောင်း၊ မိမိဘာသာရွာထဲ၊ အိမ်ထဲရှိနေစဉ် မိုးရွာလေတိုက်မှု အရှိန်ပြင်းထန်လာကာ ရေလုံးကြီးများ ရုတ်တရက် လျှံတက် လာသည့် အခိုက်များတွင်လည်းကောင်း၊ မြို့ထဲ မိမိတိုက်ခန်းထဲ လဲလျောင်း စာဖတ်နေခိုက် မီးလန့်သံနှင့်အတူမီးတောက်မီးလျှံကြီးများ နံဘေး အခန်း ရောက်လာ နေသည်ကို ရုတ်တရက် ကြုံလိုက်ရသည့် အချိန်မျိုးတွင်လည်းကောင်း ဘယ်သို့ တုံ့ပြန်ရမည်၊ ဘယ်ပုံ ရှောင်ပြေး ရမည်။ အရင်ဆုံး ဘာလုပ်ရမည် စသည်တို့ကိုချက်ချင်းဆုံးဖြတ်ရင်ဆိုင်ရန် မည်မျှခက်ခဲ မည်ဆိုခြင်းကို တွေးဆနားလည်နိုင်ကြပါမည်။
Feb 27, 2020
မကွေး ဖေဖော်ဝါရီ ၂၇
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန အမျိုးသားစာကြည့်တိုက်(နေပြည်တော်မှ)မှ ဖွင့်လှစ်သော အသံထွက်၍ စာဖတ်ပြခြင်းသင်တန်း တတိယနေ့တွင် အ.ထ.က(၂)မကွေးမှ ကျောင်းသား၊ ကျောင်းသူလေးများအား သင်တန်းတက်ရောက်သူ သင်းတန်းသား သင်တန်းသူများက လက်တွေ့စာဖတ်ပြခြင်း အစီအစဉ်ကို မကွေးခရိုင် လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Feb 27, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် တို့မှ ပြည်ပပညာသင်များ၏ သုတေသနစာတမ်းဖတ်ပွဲ အခမ်း အနားကို ယနေ့ နံနက် ၉ နာရီက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းတက္ကသိုလ်များ နယ်မြေရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
စီမံဆောင်ရွက်ပေးလျက်ရှိ
Feb 27, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၆
ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၆ နာရီခန့်မှစတင်၍ ရန်ကုန်မြို့ လသာမြို့နယ် အမှတ် (၂) ရပ်ကွက် လမ်းမတော်လမ်းရှိ သံစျေး မီးလောင်ရာတွင် မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့ ကြသည့် မီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သီးသန့်မီးသတ် တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးဆောင်ရွက်ပေးခဲ့ကြသည့် တပ်မတော် သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက်က မရမ်းကုန်းမြို့နယ် မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ် သီတာခန်းမ၌ ကျင်းပသည်။
Feb 27, 2020
ပုသိမ် ဖေဖော်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ်( ၃)နာရီက ကျင်းပခဲ့သည်။
Feb 27, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၆
ရဟန္တာမဟာသိမ်တော်ကြီး ဘက်စုံ မွမ်းမံပြုပြင်ခြင်းနှင့် နဝရတ်ရွှေစင်အောင် စေတီတော်နှင့် ပတ္တမြား မျက်ရှင်ပုံတူရုပ်ပွားတော် မဟာဒါနကုသိုလ် စုပေါင်းရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ် အနီးရှိ အဆိုပါ မဟာသိမ်တော်ကြီး၌ ကျင်းပသည်။
တင်လှူပူဇော်
ရှေးဦးစွာ နဝရတ်ရွှေစင်အောင် စေတီတော်နှင့် ပတ္တမြားမျက်ရှင် ပုံတူရုပ်ပွားတော်မြတ်တို့အား နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်ကြီး များနှင့် ရွှေတိဂုံစေတီဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများက ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူပူဇော်ကြသည်။
Feb 27, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၆
တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဝတ်စားဆင်ယင်မှုများကို မှတ်တမ်း စာအုပ်ပြုစုနိုင်ရေး ညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ပြောင်းလဲလာ
Feb 27, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၆
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
Feb 27, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၆
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုများကို အမြန်ဆုံး ဆောင်ရွက်နိုင်ရေးအတွက် ဂျပန်ယန်း လေးသိန်းတန်ဖိုးရှိ လိုအပ် သော ဓာတ်ခွဲပစ္စည်းများအား ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) မှအမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်း (NHL) သို့ ဖေဖော်ဝါရီ ၂၁ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရ သည်။
Feb 27, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၆
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၏ ဒီဇင်ဘာလအတွက် ဗဟိုစာရင်းအင်းအဖွဲ့ မှ ထုတ်ပြန်သည့် ပို့ကုန်၊ သွင်းကုန်အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများနှင့် စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၃၂၄ ဒသမ ၅၃သန်းအထိ ကုန်သွယ်နိုင်ခဲ့ကြောင်းနှင့် ပထမသုံးလတာ အတွင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၉၇၅၂ ဒသမ ၄၀ သန်း ရှိခဲ့ကြောင်း သိရသည်။
Feb 26, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၆
မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့် အခမ်းအနားနှင့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အခမ်းအနားများ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 26, 2020
မန္တလေး ဖေဖော်ဝါရီ ၂၆
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် မန္တလေးတိုင်းဒေသကြီး ပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များက ဆောင်ရွက်နေသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် ရိုက်နှိပ်ပြီးစီးမှု အခြေအနေများ ကို ယနေ့ ညနေပိုင်းက မန္တလေးမြို့ရှိ ပုံနှိပ်တိုက်များသို့ သွားရောက် ကြည့်ရှု စစ်ဆေး သည်။
Feb 26, 2020
၁။ မြန်မာ့ရုပ်မြင်သံကြားကြည့်ပရိသတ်များ အရုပ်/အသံ အရည်အသွေး ပိုမိုကြည်လင်စွာ ကြည့်ရှုနိုင်ရန်အတွက် MRTV Channel အား ပုံမှန် ထုတ်လွှင့်နေသော Standard Definition (SD) စနစ်အပြင် High Definition (HD) စနစ်ဖြင့်ပါ (၁၅-၁-၂၀၂၀) ရက်နေ့ မှ စတင်စမ်းသပ်ထုတ်လွှင့်ပေးခဲ့ပြီး (၁၅-၂-၂၀၂၀)ရက်နေ့မှ စတင်၍ HD စနစ်တစ်မျိုးတည်းဖြင့်သာ ပုံမှန် ထုတ်လွှင့်ပေး သွားမည် ဖြစ်ပါသည်။
Feb 26, 2020
Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၆-၂-၂၀၂၀ ရက်နေ့၊ ည (၈:၁၅) နာရီ)
Feb 26, 2020
Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၆-၂-၂၀၂၀ ရက်နေ့၊ ည (၈:၁၅) နာရီ)
Feb 26, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၆
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ် တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ - ၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့ အစည်းများ၏ ဒုတိယ ၆ လပတ်အခွန် ရငွေများနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၂/၂၀၂၀)တို့နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးကြသည်။
