လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COMID-19) ဖြစ်ပွားမှု အခြေအနေသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကူးစက်ပျံ့နှံ့လျက်ရှိရာ ကူးစက်မှုအချိန်ကာလအားဖြင့် သုံးလနီးပါးရှိလာပြီဖြစ်သည်။ စတင်ဖြစ်ပွား စဉ်အချိန်က ရောဂါစတင်ဖြစ်ပေါ်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟူပေပြည်နယ် ဂူဟန်မြို့တွင် လူတစ်ယောက်မှစတင်ရာ ရက်ပိုင်းအတွင်းမှ တစ်လအတွင်း ကူးစက်ခံရသူဦးရေ ဆယ်ဂဏန်း၊ ရာဂဏန်း၊ ထောင်ဂဏန်းရှိလာခဲ့သည်။
မူလက အဆိုပါရောဂါ၏ဗဟိုချက်သည် တရုတ်နိုင်ငံ ဟူပေပြည်နယ် ဖြစ်သော်လည်း ယခုအခါ ဥရောပ တိုက်သည်ဗဟိုချက်ဖြစ်လာပြီး အီတလီ နိုင်ငံသည် တရုတ်နိုင်ငံထက်ပင် ကူးစက်ပြန့်ပွားသေဆုံးမှု ပိုများ လာသည်။ ယခုလက်ရှိတွင် ကမ္ဘာပေါ်ရှိနိုင်ငံပေါင်း ၁၇၇ နိုင်ငံသို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး ကူးစက်ခံရသူ နှစ်သိန်း ကျော်နှင့် သေဆုံးသူတစ်သောင်းကျော်ရှိလာသည်။ ကူးစက်ခံရခြင်းမရှိသေးသည့် နိုင်ငံပေါင်း ၁၇ နိုင်ငံသာ ကျန်တော့ရာ ထိုနိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်နေသေးသည်။ ။
မြန်မာနိုင်ငံသည် စတင်ဖြစ်ပွားသောနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားသည့်အချိန်မှစ၍ မြန်မာနိုင်ငံသို့ ရောဂါကူးစက်ခြင်းမခံရအောင် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများကိုနိုးနိုးကြားကြား တက်တက်ကြွကြွအားသွန်ခွန်စိုက်လုပ်ဆောင် လာခဲ့ရာ ရောဂါဖြစ်ပွား မှုကာလ သုံးလခန့်ကြာသည်အထိ ရောဂါမဖြစ်ပွား သေးသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ရောဂါကူးစက်ခြင်း မခံရသော်လည်း COVID-19 ရောဂါ မြန်မာနိုင်ငံသို့ အချိန်မရွေးဝင်ရောက် ဖြစ်ပွား နိုင်သည်ဟုခံယူကာ ရောဂါကာကွယ်တားဆီးရေးအတွက်ကြိုတင် ပြင်ဆင်ရှာဖွေ တားဆီး ခုခံကာကွယ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ကလည်း ရောဂါမဝင် ရောက်သေးသည့်နိုင်ငံများသို့ အဆိုပါ ရောဂါ အချိန်မရွေးဝင်ရောက်နိုင်သည် ဟုလွန်ခဲ့သောရက်ပိုင်းက ပြောကြားထားသည်။ ရောဂါ စတင်ဖြစ်ပွား ခဲ့သည့် တရုတ်နိုင်ငံသည် မူလကဖြစ်ပွားမှုဗဟိုချက်၊ ဖြစ်ပွားမှုအမြင့်ဆုံးနိုင်ငံဖြစ် သော်လည်း ယခုအခါ ရောဂါ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို အောင်မြင် ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ အချိန် ကာလ သုံးလခန့်ကာလအတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် သာဓကများကို ဆန်းစစ်ကြည့်ရာတွင် ပြည်သူ များ ကိုယ်တိုင် ရောဂါကာကွယ်ရေးနည်းလမ်းများကို ကျင့်သုံးကာ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက် ကြသည်ကို တွေ့ရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် သံသယလူနာများ၊ စောင့်ကြည့်လူနာများသာရှိပြီး အဆိုပါလူနာများထဲမှ သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကျောက်ကပ်စသည့် မူလ ရောဂါအခံပြင်းထန်သူများ သေဆုံးမှုအချို့ရှိခဲ့ကာ ယင်းသေဆုံးမှုအပေါ် covID-19 ရောဂါနှင့်ရောထွေး၍ သံသယမဖြစ်ရန်လိုပေသည်။ မြန်မာ နိုင်ငံတွင် အကယ်၍ ရောဂါဖြစ် ပွား လာပါက ပြင်းထန်ပြီး အသက်သေဆုံး နိုင်ခြေများသော အနေအထားများကိုလည်း သိထား ရမည်ဖြစ် သည်။ အသက် အရွယ်ကြီးသူများနှင့် ကင်ဆာရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ဆီးချို
ရောဂါ၊ နှလုံးရောဂါ၊ အသည်းရောဂါအပါအဝင် အခြားရောဂါအခံရှိသူများ အနေဖြင့် အတတ်နိုင်ဆုံး မိမိနေ အိမ်တွင်သာ နေထိုင်ပါရန်နှင့် မိမိစိတ်အလို ကိုမလိုက်ဘဲ မိမိကိုယ်တိုင် ရောဂါမရရှိစေရန်သာမက အခြား သူများထံ မကူးစက်စေရန်အတွက် လူစုလူဝေးနေရာများသို့ သွားရောက်ခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ် ကြရန် တိုက်တွန်းပါသည်။ ။
ယခုအခါ အခြားနိုင်ငံများတွင် ရောဂါဖြစ်ပွားသည့်အရေအတွက်၊ ကူးစက်မှုပုံစံ၊ သေဆုံးမှုအရေအတွက်များ တစ်နေ့တခြားတိုးမြင့်နေဆဲ ဖြစ်ရာ coVID-19 ရောဂါသည် ဆက်လက်အရှိန်မြင့်နေဆဲဟု ခန့်မှန်း ရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိ၌ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အခြေခံ ကျန်းမာရေး ဝန်ထမ်းပညာရှင်အရေအတွက်မှာ
သောင်းဂဏန်းအရေအတွက်မျှရှိပြီး လုပ်ငန်းလမ်းညွှန်များနှင့် လိုအပ်မှုများ ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးနေရာ ဗဟိုမှကျေးလက်အထိ လွှမ်းခြုံကာ ပြည်သူများနှင့် နိစ္စဓူဝထိတွေ့၍ ကျန်းမာရေး ဝန်ဆောင်မှုများ ကို ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်နိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ မိမိတို့နိုင်ငံသို့ ရောဂါဝင်ရောက်ဖြစ်ပွားမှုမရှိစေရန် တားဆီး ကာကွယ်ရေးနှင့် ဖြစ်ပွားပျံ့နှံ့မှု မဖြစ်စေ ရေးအတွက် ကြိုးပမ်းဆောင်ရွက် ရာတွင် ပြည်သူသည်သာအဓိကဖြစ်၍ အမျိုးသားရေး တာဝန်အဖြစ် ခံယူကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။