Skip to main content

Mar 07, 2020

နေပြည်တော် မတ် ၆

ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့နှင့် ရန်ကုန်တရား မျှတမှုစင်တာတို့၏ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်နှင့် ရန်ကုန်တရားမျှတမှုစင်တာမှ Program Director ဦးကျော်မြင့်တို့က အမှာစကား ပြောကြားကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2020

ကင်းထောက်ဆိုသည်မှာခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ ဒုတိယကင်းထောက်ချုပ် ဦးသာစိန်၊ အပြည်ပြည်ဆိုင်ရာ ကင်းထောက်မှူးချုပ် ဦးမောင်မောင်ဝင်း၊ သီဟကင်းထောက်ကြီး ဦးဧကျော်၊ ကင်းထောက်ကြီး အလင်္ကာကျော်စွာ၊ ဂီတစာဆို ဟင်္သာတမြင့်ငွေနှင့် ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင်တို့ပါဝင် ဆွေးနွေးခဲ့ကြသည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည်များကို ဖော်ပြအပ်ပါသည်။

ယမန်နေ့မှအဆက်

ဆက်လက်ဖတ်ရှုရန်

Mar 06, 2020

နိုင်ငံတော်အစိုးရသည် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့်ကဏ္ဍပေါင်းစုံ ချောမွေ့စွာ လည်ပတ်နိုင်အောင် နိုင်ငံတော် ဘဏ္ဍာငွေကို နှစ်စဉ်ကျခံသုံးစွဲရသည်။ ဘဏ္ဍာငွေများ ကျခံသုံးစွဲနိုင်အောင် နိုင်ငံတော်၏ အခွန်အခငွေများကို အဓိကအားထားရာ၌ နိုင်ငံတော်မှ ရရှိသည့် အခွန်ငွေစုစုပေါင်း၏ ခြောက်ပုံ တစ်ပုံကို နိုင်ငံ့ဝန်ထမ်းပင်စင် ရန်ပုံငွေအတွက် အသုံးပြုသည်။

ဆက်လက်ဖတ်ရှုရန်

Mar 06, 2020

တပေါင်းသည် မြန်မာပြက္ခဒိန်တွင် ဆယ့်နှစ်လမြောက် နောက်ဆုံးလဖြစ်သည်။ မြန်မာသက္ကရာဇ်အရ နှစ်တစ်နှစ် ကုန်ဆုံးတော့မည့် အခါသမယလည်းဖြစ်သည်။ ဆောင်းအကုန် နွေသို့အကူး၊ နေ့တွင်ပူ၍ ညတွင်ချမ်းသည့် ဤကာလမှာ လောကဓာတ်တစ်ခွင်မှာလည်း သာယာလှသည့်အလျောက် တပေါင်းသည် လတကာတို့၏သခင် ဟူ၍လည်း စာဆိုရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 06, 2020

(၆-၃-၂၀၂၀) ရက်နေ့၊ ည (၉:၁၅) နာရီ

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး သံသယလူနာ၊ စောင့်ကြည့်လူနာနှင့် COVID-19 ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ခဲ့သူများထံမှ ဓာတ်ခွဲနမူနာများရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် စစ်ဆေးလျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့၊ ညတွင် ထပ်မံပေးပို့လာသော ဓာတ်ခွဲအဖြေများအရ -

(က) ကန်ပိုင်တီး တိုက်နယ်ပြည်သူ့ဆေးရုံမှ အသက်(၂၈)နှစ်အရွယ် အမျိုးသား တစ်ဦး၊

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

ရန်ကုန် မတ် ၆

(၈)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး အတွက်  အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (NCA-S EAO) ၏ နှစ်ဖက် အလုပ်အဖွဲ့ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

နေပြည်တော် မတ် ၆ 

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ကံ့ကော်ပန်းအဝိုင်းအနီး၌ တည်ထား ကိုးကွယ်လျက်ရှိသော ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေးအတွက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က သန့်စင်ပြီး ရွှေ(၁၅ ပဲရည်၊ ၂၄၂ ဂရမ်) ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

ရန်ကုန် မတ် ၆ 

ရုပ်ရှင်လောကဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဦးစီး၍ အနုပညာရှင်များ၊ ထုတ်လုပ်သူများနှင့် ရုံပိုင်ရှင်များ ဆွေးနွေးညှိနှိုင်းပွဲကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ကျင်းပသည်။

ဆွေးနွေးညှိနှိုင်းပွဲအပြီးတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက ဒါရိုက်တာ ပန်းချီဦးစိုးမိုး၊ Paradiso Ciremas Co.,Ltd မှ CEO ဦးတင်မောင်ဝင်းနှင့် ဥက္ကဋ္ဌ ဦးလွင်မိုးတို့က စာနယ်ဇင်း ရှင်းလင်းပွဲကို ဆက်လက်ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

ရန်ကုန် မတ် ၆

ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်နိုင်ရန်၊ ပြည်သူလူထုအတွင်း သတင်းအမှန်များရ ရှိစေရန် မီဒီယာများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ Chatrium Hotel ၌ ပြုလုပ်သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်က “Introduction and current epidemiological situation containment and control of (COVID-19)(Global and Myanmar situation) အကြောင်းအရာနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

နေပြည်တော် မတ် ၆

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၄/၂၀၂၀ ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

နေပြည်တော် မတ် ၆

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ (၈၅) နိုင်ငံတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည် ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများ နှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် -

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

နေပြည်တော် မတ် ၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ဆွစ်ဇာလန် နိုင်ငံအစိုးရ ကိုယ်စားပြု မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးတို့အကြား ရှမ်းပြည်နယ် တောင်ပိုင်း၊ လူမှုအဆောက်အဦများ တည်ဆောက်ခြင်းနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အကောင်အထည်ဖော်ရေး သဘောတူလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီခွဲက အဆိုပါဝန်ကြီးဌာန၏ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

ရန်ကုန် မတ် ၆

အခြေခံပညာ အလယ်တန်း၊ အထက်တန်း သင်ရိုးညွှန်းတမ်းရေးဆွဲရေး အစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီခွဲတွင်  ရန်ကုန်မြို့ ပါမောက္ခချုပ်များ ကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။  

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

ရန်ကုန် မတ် ၆

ဇီဝိတဒါန သံဃာ့ဆေးရုံကြီး(ရန်ကုန်)က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသား သွေးလှူဘဏ်သို့ COVID-19 ရောဂါကာကွယ်ရေးအတွက် အသုံးပြုရန် FACE MASK များ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက  ဇီဝိတဒါနသံဃာ့ ဆေးရုံကြီး(ရန်ကုန်)အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

ရန်ကုန် မတ် ၆

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတို့၏ ညှိနှိုင်းထားချက်အရ ၂၀၂၀ ခုနှစ် မတ်လ (၁၁)ရက်မှ (၂၀)ရက်အထိ ကျင်းပမည်ဖြစ်သော တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်၍ ဆေးဝါးကုသမှု ခံယူနေကြရသည့် ကျောင်းသား/ကျောင်းသူများ နစ်နာမှုမရှိစေရန် ရည်ရွယ်လျက် ဆေးရုံစာဖြေဌာန ၃ ခုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီး ဆေးရုံကြီးတို့၌ ဖွင့်လှစ်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

နေပြည်တော် မတ် ၆

ဘဏ္ဍာနှစ်အလိုက် လျာထားသတ်မှတ်ထားရှိသည့် စီမံကိန်းလုပ်ငန်းများ အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ဘဏ္ဍာငွေကြေး လေလွင့်ဆုံးရှုံးမှုမရှိစေရန် ပြဋ္ဌာန်းသတ်မှတ်ထားသော ဥပဒေလုပ်ထုံးလုပ်နည်းမူဝါဒများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယမန်နေ့ နံနက် ၁၁ နာရီက နေပြည်တော် ရုံးအမှတ်(၃၆) အစည်းအဝေးခန်းမ၌ကျင်းပသည့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက  ပြောသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020


မန္တလေး မတ်  ၆

မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် အဆုတ်ရောဂါလက္ခဏာကြောင့် စောင့်ကြည့်နေသည့် အသက် ၆၈ နှစ်အရွယ် အမျိုးသမီး ယနေ့မနက်ပိုင်းတွင် သေဆုံးသွားကြောင်း သိရသည်။

"တစ်သျှူးနမူနာ စစ်ဆေးတာက အဖြေမထွက်သေးဘူး။ အဖြေက ဒီညနေပိုင်းမှာ ရမှာဖြစ်တယ်"လို့ မန္တလေးဆေးရုံကြီး ဒုတိယဆေးရုံအုပ် ဒေါက်တာခင်ကျော် ကပြောသည်။

ပြီးခဲ့တဲ့ ၄ ရက်နေ့ ညနေပိုင်းက မန္တလေးဆေးရုံကြီးကို ဆီးချိုရောဂါဖြင့်တက်ရောက် ဆေးကုသနေစဉ် အဆုတ်ရောဂါလက္ခဏာကို တွေ့ရှိခဲ့သောကြောင့် ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်