Mar 16, 2020
နေပြည်တော် မတ် ၁၆
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ မဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲ တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 16, 2020
နေပြည်တော် မတ် ၁၆
ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီသည် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော စက်မှုဇုန် ဥပဒေ ကြမ်းဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် D ဆောင် ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဥပဒေကြမ်းပူးပေါင်း ကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်း ၊အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန် ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုလွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)
Mar 16, 2020
နေပြည်တော် မတ် ၁၆
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ပါဝင်သော စုံညီခုံရုံးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုတရား လွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်ပြီး တရားမ အထူးအယူခံမှု (၆) မှုကို စီရင်ချတ်ချမှတ်၍ တရားမ အထူးအယူခံမှု (၈) မှုကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
Mar 16, 2020
မြစ်ကြီးနား မတ် ၁၆
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် မြစ်ကြီးနားမြို့တွင်း တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးနှင့် အများပြည်သူလုံခြုံရေးတို့အတွက် စီမံဆောင်ရွက်ထားသည့် CCTV ကင်မရာ ထိန်းချုပ်ရေးစင်တာ အဆောက်အအုံနှင့် ပြင်ဆင် ဆောင်ရွက် နေမှုတို့အား ယနေ့ နံနက်ပိုင်း တွင် ကြည့်ရှု စစ်ဆေးခဲ့သည်။
Mar 16, 2020
ရန်ကုန် မတ် ၁၅
ကိုရိုနာဗိုင်းရပ်စ်(COVID-19)နှင့် ပတ်သက် သည့် သတင်းမှန်များကို အချိန်နှင့်တစ်ပြေးညီ update ပြုလုပ်၍ တင်ပေးနေသည့် Surveil-lance Dashboard ဝက်ဘ်စာမျက်နှာကို ကျန်းမာရေးဝန်ကြီးဌာနက လွှင့်တင်ထားပြီး ကျန်းမာရေးဝန်ကြီးဌာနဝက်ဘ်ဆိုက် http:// mohs.gov.mm မှတစ်ဆင့် Coronavirus Desease 2019 ခေါင်းစဉ်သို့ ဝင်ရောက်၍ဖြစ်စေ၊ http://mohs.gov.mm/Main/content/publication/2019-ncov ဝက်ဘ်ဆိုက်လိပ်စာသို့ တိုက်ရိုက် ဝင်ရောက်၍ဖြစ်စေ ကြည့်ရှုနိုင်ပြီ ဖြစ်သည်။
Mar 16, 2020
မန္တလေး မတ် ၁၆
COVID-19 ဗိုင်းရပ်စ်ရောဂါအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် သတ်မှတ်ကြေငြာခဲ့သည့်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်း လူမှု/စီးပွားကဏ္ဍများတွင် မလိုလားအပ်သော ရိုက်ခတ်မှုများ ကြိုတင်ထိန်းချုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မန္တလေးမြို့၊ အောင်မြေသာစံ မြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ယနေ့ ညနေ ၃ နာရီက ကျင်းပ ပြုလုပ်သည်။
Mar 16, 2020
ယခုအခါ အပူရှိန်ပြင်းထန်လာပြီး ရာသီဥတု အကူးအပြောင်းကာလလည်း ဖြစ်သည့်အတွက် မွေးမြူရေးတိရစ္ဆာန်များတွင် ကူးစက်ရောဂါများ ဖြစ်ပွားတတ်သည့် ကာလလည်းဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အာဖရိက ဝက်အပြင်းဖျားရောဂါကာကွယ်ရေးနှင့် ကြက်ငှက်ရောဂါ ကြိုတင်ကာကွယ်ရေးတို့အတွက် အသိပေး နှိုးဆော်ချက်များ ထုတ်ပြန်ကာ မွေးမြူရေး (တိရစ္ဆာန်များတွင် ကူးစက်ရောဂါ ကျရောက်မှုကြောင့် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန် အချက်များကိုလည်း အသိပေးလျက် ရှိသည်။
Mar 16, 2020
ကမ္ဘာတွင်ဖြစ်ပေါ်နေသော COVID-19 ကပ်ရောဂါဆိုးကြောင့် နိုင်ငံအများအပြား ရောဂါကူးစက်ခံနေရပြီး အရေးပေါ် အခြေအနေသတ်မှတ်ကာ ခုခံကာကွယ်တားဆီးနေကြသည်။ နိုင်ငံပေါင်း ၁၃၆ နိုင်ငံ ကူးစက်ခံရပြီး နိုင်ငံပေါင်း ၅၈ ခန့် မကူးစက်သေးခြင်းမှာ ထိုရောဂါနှင့် ပတ်သက်၍ ကောင်းမွန်သော အနေအထားတစ်ရပ် ရှိနေသေးသောကြောင့်ဟု ဆိုနိုင်သည်။
Mar 16, 2020
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလအတွင်း ပေါ်ပေါက်ခဲ့သော မြန်မာ့ရုပ်ရှင်သမိုင်းသည် ၂၀၂၀ ပြည့်နှစ်ဆိုလျှင် နှစ်တစ်ရာပြည့်မြောက်တော့မည်။ ရုပ်ရှင်သည်ပြည်သူကို မျက်စိဖွင့်၊ နားဖွင့်ပေးခဲ့သည်။ ရုပ်ရှင်လောကသားများ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ပြည်သူလူထုကို ဗဟုသုတအကြားအမြင်များ ပွားစေခဲ့သည်။ အသိဉာဏ်စဉ်များရှင်သန်စေခဲ့သည်။ အခက်အခဲ အကျပ်အတည်းများကြားမှပင် မြန်မာ့ရုပ်ရှင်သည် ငွေရတုမှသည် ရွှေရတု၊ ရွှေရတုမှသည် စိန်ရတု၊ စိန်ရတုမှသည် ရာပြည့် ၊ ရုပ်ရှင်ပန်းများ လန်းဆန်းစေခဲ့သည်။ ပြည်သူများကြား ရုပ်ရှင်ပန်းများမွှေးပျံ့စေခဲ့သည်။
Mar 16, 2020
တစ်ယောက်အားနှင့်ယူသော်မရ၊ တစ်သောင်းအားနှင့်ယူသော်ရ၏ဆိုသော ဆိုရိုးစကားသည် ပူးပေါင်းဆောင်ရွက်မှု၏ ပြယုဂ်၊ ညီညွတ်ခြင်း၏စွမ်းပကားကို ဖော်ညွှန်းနေသည်။ တစ်ယောက်တစ်လက် ကျောင်းသားလက်၊ စုပေါင်းညီညာ အောင်ကြောင်းဖြာ စသည့် ကြွေးကြော်သံများကိုလည်း အဖွဲ့အစည်းများတွင် ယနေ့တိုင် အသုံးပြုနေသည်ကိုတွေ့ရပါသည်။ အားလုံးကို ခြုံကြည့်သော် ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ခြင်းဖြင့်သာ အောင်မြင်မှုကိုရရှိနိုင်မည် ဖြစ်သည်။
Mar 15, 2020
(၁၅-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
Mar 15, 2020
နေပြည်တော် မတ် ၁၄
Mar 14, 2020
ရန်ကုန် မတ် ၁၄
မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းအသင်း၏ တတိယအကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ကမာရွတ် မြို့နယ်ရှိ Novotel Hotel ၌ ကျင်းပသည်။
Mar 14, 2020
မန္တလေး မတ် ၁၄
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ယခုနှစ် သင်္ကြန်ကာလတွင်ကျင်းပမည့် မြို့တော်မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန် ပွဲတော်အပါအဝင် လူစုလူဝေး ဖြစ်စေမည့် ပွဲတော်အားလုံးကို COVID-19 ရောဂါ ကာကွယ်တားဆီး နိုင်ရေးအတွက် ရပ်ဆိုင်းခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။
Mar 14, 2020
မန္တလေး မတ် ၁၄
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ မြို့တော်အတွက်ပေးဆောင်ရမည့် အခွန်အခများကို Mandalay Smart Pay (MSP Wallet) စနစ်ဖြင့် ငွေပေးချေနိုင်မည့် အစီအစဉ်ကို ဒေသခံပြည်သူများ စတင်အသုံးပြုနိုင်ရန် မတ် ၁၄ ရက်က မန္တလေးကွန်ဗင်းရှင်းစင်တာတွင် MSP Account များ ဖွင့်လှစ်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအစီအစဉ်ကို စင်ကာပူနိုင်ငံအခြေစိုက် မြန်မာနိုင်ငံသားပိုင် 2C2P ကုမ္ပဏီ၏ နည်းပညာအကူအညီဖြင့် ရတနာပုံဘဏ်တို့ ပူးပေါင်းဆောင်ရွက်ပေးသည့် ငွေသွင်းငွေလွှဲခြင်း များအတွက် အခကြေးငွေ ဖြတ်တောက်မှု လုံးဝမရှိသော ငွေပေးချေနိုင်သည့်စနစ်တစ်ခုဖြစ်ကြောင်း သိရသည်။
Mar 14, 2020
နေပြည်တော် မတ် ၁၄
ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ဖြစ်ပွားလျက်ရှိပြီး ယင်းအခြေအနေများကြောင့် ပြည်တွင်း၌ ဆန်စပါးဈေးကွက် တည်ငြိမ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆန်စပါး စိုက်ပျိုးထွက်ရှိမှု၊ ဆန်စပါးလက်ကျန်နှင့် ပြည်ပတင်ပို့မှုများဆိုင်ရာ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ Myanmar International Trade Center ၌ ကျင်းပသည်။
Mar 14, 2020
ယနေ့ကမ္ဘာကို ကိုင်လှုပ်နှိုးလိုက်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ Coronavirus Disease 2019 (COVID-19) နိုင်ငံတကာသို့ လျင်မြန်စွာ ပျံ့နှံ့ကူးစက်သည့် သတင်းများ ကြေညာလိုက်သည်နှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး တုန်လှုပ်သွားလေသည်။
Mar 14, 2020
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-I9) ကူးစက်ပျံ့နှံ့မှုသည် ကမ္ဘာ့နိုင်ငံများနှင့် ပြည်သူများအကြား နေ့စဉ်နှင့်အမျှ တိုးတက်ဖြစ်ပေါ်နေသဖြင့် ထိုရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီ ၁၃ မိနစ်တွင် အတည်ပြုသတ်မှတ်ကြေညာခဲ့သည်။
Mar 14, 2020
နေပြည်တော် မတ် ၁၄
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ကျောဇီကျေးရွာအနီးရှိ MCCM Co., Ltd ၏ အသေးစားရေနံချက်လုပ်ငန်း (Mini Refinery) စမ်းသပ်လည်ပတ်နေမှုကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
