Skip to main content

Feb 08, 2022

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၁၀ (ဌ)တွင် ပြဋ္ဌာန်းထား သော “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေး ပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း” ဆိုသည့် တာဝန်နှင့်အညီ နိုင်ငံရေး ပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့် ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများကို စနစ် တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိတို့ကို စစ်ဆေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2022

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရား သူကြီးများဖြစ်ကြသော ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ တို့ပါဝင်သည့် အထူးအယူခံ ခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော် ချုပ်၊ ရုံးခန်းအမှတ် (၁)၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၄ / ၂၀၂၁ (တနင်္သာရီ)၊ တရားမအထူး အယူခံမှုအမှတ် ၉၈/၂၀၁၉ (စစ်ကိုင်း)၊ ၂၅/၂၀၂၀ (ရှမ်း)၊ ၂၆/၂၀၂၀ (ရှမ်း) ၊ ၂၇/၂၀၂၀ (ရန်ကုန်) နှင့် ၃၀/၂၀၂၀ (ရန်ကုန်) စုစုပေါင်း ရာဇဝတ် အထူးအယူခံမှု ( ၁ )မှု နှင့် တရားမအထူးအယူခံမှု ( ၅)မှု တို့ကို စီရင်ချက်ချမှတ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2022

 

* တို့ပြည်ထောင်စု၊ စိန်ရတုမှာ သစ္စာပွင့်လန်း၊ မေတ္တာပန်းတွေ ငြိမ်းချမ်းစေမှု၊ ပြည်ထောင်စုကြီး ခရီးရှေ့ဆက်၊ မျှော်လင့်ချက်ဖြင့်အားတက်ရှေ့ဆက် စေချင်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2022

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် တွင် ကျရောက်မည့် (၇၅) နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို ပြည်ထောင်စု နယ်မြေ နေပြည်တော်နှင့် မြန်မာ နိုင်ငံအဝန်း၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2022

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2022

အိန္ဒိယနိုင်ငံ Ministry of New and Renewable Energy၊ Ministry of External Affairs၊ The Energy and Resources Institute (TERI) နှင့် ASEAN Centre for Energy (ACE) တို့ ပူးပေါင်း၍ Experience and Innovations for Integrated Renewables Market ခေါင်းစဉ်ဖြင့် SGE ASEAN-India High Level Conference on Renewable Energy အစည်းအဝေးကို ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်တို့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပလျက်ရှိရာ ယင်းအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2022

တိရစ္ဆာန်အစာပင်များ အမျိုးအစားအလိုက်အာဟာရ ပါဝင်မှုများ အပါအဝင် တိရစ္ဆာန် အစာနှင့်သက်ဆိုင် သော သုတေသနများဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တောင်သူအကျိုးရှိစေမည့် လက်တွေ့ အသုံးချ သုတေသနများဖြစ်စေရေးဦးစားပေးဆောင်ရွက်ရန် လိုကြောင်း ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ညောင်ဇောက်ကျေးရွာအုပ်စုရှိ သဖန်းခြံ၏ ဆိတ်မွေးမြူရေး သုတေသနနှင့် မျိုးထိန်း မျိုးပွားလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ဆွေးနွေး ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2022

ယခုနှစ်သည် တစ်မူထူးခြားသော နှစ်တစ်နှစ်ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့၊ ၂၀၂၃ ခုနှစ်တွင် စိန်ရတုလွတ်လပ်ရေး နေ့တို့နှင့် တိုက်ဆိုင်လျက်ရှိသည်။ လွတ်လပ်ရေး၊ စည်းလုံးညီညွတ်ရေးနှင့် ပတ်သက်၍ ထူးခြားသောစိန်ရတုနှစ်တွင် ပြည်သူများလိုလားတောင့်တသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရေးအတွက် အဓိကလိုအပ် လျက်ရှိသော ထာဝရငြိမ်းချမ်းရေးရရှိနိုင်အောင် စုပေါင်းလက်တွဲ၍ ဆောင်ရွက် ကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2022

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ပြန်လည်မြင့်တက်လာသည့်အတွက် အချိန်နှင့်တစ်ပြေးညီ ကာကွယ်ထိန်းချုပ်ကုသရေး ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက် နေရပြီဖြစ်သည်။ ရန်ကုန်သည် မြန်မာနိုင်ငံတွင် လူဦးရေအထူထပ်ဆုံး၊ စက်မှုဇုန်အများဆုံးဖြစ်၍ စီးပွားရေး အချက်အချာဒေသဖြစ်သလို ကပ်ရောဂါ ကျရောက်ကူးစက် ပျံ့နှံ့မှု အလားအလာ မြင့်မားသော ဒေသလည်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2022

(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ တတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2022

ပြည်သူလူထု အထိတ်အလန့်ဖြစ်စေရန်အတွက် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား ဆောင်ရွက် နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများအား နေ့/ညမပြတ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်တွင် ဝမ်းတွင်းမြို့နယ်၊ တဲစုကျေးရွာအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များမှ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိစဉ် မသင်္ကာဖွယ် အမျိုးသား ၃ ဦးမှာ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိ လာသဖြင့် စစ်ဆေးရန် ရပ်တန့်ခိုင်းသော်လည်း ရပ်တန့်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြန်လည်ပစ်ခတ်ရန် ဆောင်ရွက်လာ သောကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ပစ်ခတ်ဖမ်းဆီးခဲ့ရာ ခင်ဘန်းကျေးရွာနေ ညီညီ(၂၈)နှစ်အား အသံတိတ် ပြောင်းပါ GLOCK ပစ္စတို ၁ လက်၊ ၎င်းကျည် ၁၀ တောင့် နှင့်အတူ အခင်းဖြစ်ပွားသည့် နေရာတွင် အသေဖမ်းဆီးရမိခဲ့ပြီး သဲတောလေး ကျေးရွာနေ ကျော်သက်(၃၀) နှစ်နှင့် နှင်းမောင်(၃၆)နှစ်တို့ ၂ ဦးအား တူရကီနိုင်ငံထုတ် ပစ္စတို ၁ လက်၊ ၅ လုံးပြူး ၁ လက်၊ ပွိုင့် 38 ကျည် ၂၀ တောင့်၊ ၉မမ ကျည် ၆၆ တောင့် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ယက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2022

တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် (၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာတို့သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ လောကာနန္ဒာစေတီတော် မြတ်ကြီး လှိုဏ်ဂူတော်အတွင်း ကိန်းဝပ်စံပါယ်တော်မူလျက်ရှိသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် စေတီတော်မြတ်ကြီးဝန်းအတွင်းရှိ အောင်စကြာမုနိ သိမ်တော်မြတ်ကြီးတွင် ကိန်းဝပ်စံပါယ်တော်မူလျက်ရှိသည့် စကြာမုနိသွန်းစက်တော် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်တို့အား ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော် ဖူးမြော်ကြည်ညိုကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

ဆက်လက်ဖတ်ရှုရန်