Mar 12, 2022
တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၁၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင် သစ်တောကြိုးဝိုင်းအတွင်းနှင့် ပြည်ခရိုင် ပေါင်းတည်မြို့နယ်အတွင်း တရားမဝင်သစ်မျိုးစုံ ၁၀ ဒသမ ၈၅၂၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၃၄၉၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
Mar 12, 2022
ဒီမိုကရေစီနိုင်ငံများတွင် ရွေးကောက်ပွဲသည် အရေးအကြီးဆုံးဖြစ်သည်။ စစ်မှန်ပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများမှ ပေါ်ထွက်လာသော ကိုယ်စားလှယ်များသည် နိုင်ငံတော်အကျိုး၊ ပြည်သူ့အကျိုးကို တာဝန်ယူ ဆောင်ရွက်ကြရသည်။ ထို့ကြောင့် ပြည်သူ့ကိုယ်စားလှယ်များအား မှန်မှန်ကန်ကန် ရွေးချယ်နိုင်မှသာ နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရလဒ်ကောင်းများ ပေါ်ထွက်လာမည် ဖြစ်သည်။
Mar 12, 2022
မိသားစုတစ်စု၏ နေ့စဉ်လူမှုဘဝများအတွက် လျှပ်စစ်ဓာတ်အားက လွန်စွာအရေးပါလှသည်။ စားဝတ်နေရေးလိုအပ်ချက်များအတွက် ဆောင်ရွက်ကြရာတွင် လျှပ်စစ်မီးဖို၊ လျှပ်စစ်ဒယ်အိုး၊ လျှပ်စစ်မီးပူ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ ရုပ်မြင်သံကြားစက်၊ လေအေးပေးစက်၊ ရေပူရေအေးစက်၊ ရေတင်စက်၊ မိုက္ကရိုဝေ့ဖ်မီးဖို စသည်ဖြင့် မိသားစုတစ်စု၏ ၂၄ နာရီပတ်လုံး အသုံးပြုမှုများတွင် ဓာတ်အားက မပါမပြီး။ ယခုကဲ့သို့ အပူရှိန်ပြင်းလာပြီဖြစ်သည့် နွေကာလသို့ ရောက်သည့်အခါ ဓာတ်အားသုံးစွဲမှုက ပိုလာသည်။ အများအပြားစုပြုံ သုံးစွဲကြသည့်အချိန်တွင် ဝန်နှင့်အား မမျှတခြင်း၊ ရေအားလျှပ်စစ်စက်ရုံများတွင် ရေနည်းလာမှုကြောင့် ထုတ်လုပ်မှု လျှော့ချရခြင်း စသည်တို့မှာ နှစ်စဉ်ကြုံတွေ့နေရသည့် အခက်အခဲအချို့ပင် ဖြစ်သည်။
Mar 11, 2022
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အစီအစဉ်ဖြင့် ပြုလုပ်လျက်ရှိသည့် မဲစာရင်း ပြည့်စုံမှန်ကန်ရေးအတွက် ရှေ့ပြေးလုပ်ငန်း (PILOT PROJECT) ဖြစ်သည့် အခြေခံလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ အထက(၄)၊ သီရိရတနာခန်းမတွင် ၁၀-၃-၂၀၂၂ ရက် (၀၉:၀၀) ချိန်တွင် ပြုလုပ်ခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးအဆင့်ဆင့်မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ခရိုင် (၄)ခရိုင်မှ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်တာဝန်ရှိသူများ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တာဝန်ရှိသူ နယ်မြေတာဝန်ခံများ၊ ရန်ကုန်တိုင်းဒေသကြီး မြို့နယ် (၄၅) မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများမှ တာဝန်ခံဝန်ထမ်းများ၊ အလုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်မှ တာဝန်ရှိသူများ အင်အား (၂၈၅) ဦး တက်ရောက်ခဲ့ကြပါသည်။
Mar 11, 2022
မြန်မာတပ်မတော်နှင့် ထိုင်းဘုရင့်တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ပြီး ယဉ်ကျေးမှု အနုပညာများ ဖလှယ်နိုင်ရန် ရည်ရွယ်၍ ထိုင်းနိုင်ငံသို့ သွားရောက်ဖျော်ဖြေခဲ့သည့် မြန်မာ့တပ်မတော်ယဉ်ကျေးမှု အနုပညာအဖွဲ့သည် ယနေ့ဒေသစံတော်ချိန် ညနေ ၅ နာရီ ၅၀ မိနစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ လေကြောင်းခရီးဖြင့် နေပြည်တော်လေဆိပ်သို့ ပြန်လည်ထွက်ခွာကြရာ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ Department of Border Affairs မှ Director ဖြစ်သူ Lt. Gen. Pongtep Gaewchaiyo နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး သံမှူးကြီး ဦးမော်ဗလ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ခွန်နေထွန်းဦးတို့က ပို့ဆောင်နှုတ်ဆက်ကြပြီး ညပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ရောက်ရှိကြရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
Mar 11, 2022
PDF အမည်ခံ အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များအား နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက် ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိလာရပါသည်။
Mar 11, 2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၀၈)ရပ်ကွက်နေ ပပလင်း(ဘ)ဦးခင်တီ၊ ရွှေပြည်သာမြို့နယ်၊ (ဏ/၁၄)ရပ်ကွက်နေ ဖြိုးမင်းထွန်း(ခ) ကိုဖြိုး(ဘ) ဦးဇော်မင်းထွန်းနှင့် (ဒ/၁၇)ရပ်ကွက်နေ ညီညီထူး(ခ)ကြွက်သိုက်(ဘ) ဦးသန်းဆွေတို့သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း၌ ရွှေပြည်သာမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးရုံးနှင့် လှော်ကားနယ်မြေ ရဲစခန်းတို့အား မိုင်းခွဲတိုက်ခိုက်ခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ လက်နက်ခဲယမ်းများ သိုဝှက်သိမ်းဆည်းခြင်းနှင့် သယ်ဆောင်ခြင်းတို့ကြောင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ဈ)အရ ၂၀၂၂ ခုနှစ်၊ မတ် ၁၀ ရက်တွင် ၎င်းတို့ ၃ ဦးအား “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်ကို အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
Mar 11, 2022
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Mar 11, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Mar 11, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Mar 11, 2022
မြန်မာနိုင်ငံသို့ အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management- AHA Centre) မှတစ်ဆင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်မည့်ကိစ္စ မြန်မာလုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပသည်။
Mar 11, 2022
ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ သရုပ်ဆောင်တွေအပါအဝင် တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခံရတဲ့ အနုပညာရှင်တချို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)က မတ်လ ၂ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ အခုတလောမှာ ဒီလိုပြန်လည်လွှတ်ပေးတာကို သဘောမကျတဲ့သူတွေက ဝေဖန်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကို မြင်တွေ့နေရတာပါ။
Mar 11, 2022
အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။
Mar 11, 2022
နောင်ချိုမြို့တွင် ငွေကျပ်သိန်း ၁၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် မတ် ၉ ရက် နံနက် ၉ နာရီတွင် နောင်ချိုမြို့ ပါဟတ်ရပ်ကွက် နယ်မြေ(၇) သပြေရေကျေးရွာ ကျောင်းလမ်း မှ နောင်ချိုမြို့တွင်းဘက်သို့ ကျော်ကျော်နိုင် (၄၅)နှစ်နှင့် ထိန်လင်းစိုး(ခ)ဗေဒါး (၃၀)နှစ်တို့ ဆိုင်ကယ်နှစ်စီးဖြင့် သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၁၉၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူပါဆပ်ပြာခွက် ၁၃၁၆ ခွက်၊ အလေးချိန် ၁၃ ဒသမ ၁၆ ကီလိုကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ
Mar 11, 2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအထောက်အကူပြု ရူပဗေဒဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ
Mar 11, 2022
မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းခြောက်သွေ့ဇုန်၏ ဗဟိုချက်မသည် မကွေးတိုင်းဒေသကြီးဖြစ်သည်။ မကွေးတိုင်းဒေသကြီး၏ မြောက်ဘက်တွင် ချင်းတောင်တန်း၊ အနောက်ဘက်တွင် ရခိုင်ရိုးမ၊ တောင် ဘက်တွင် ပဲခူးရိုးမတို့ရှိသဖြင့် ယင်းတို့နှင့် နီးစပ်ရာ အစွန်အဖျားဒေသများတွင် ပျမ်းမျှမိုးရေချိန် လက်မ ၄၀ ခန့် ရွာသွန်းသော်လည်း ကျန်အလယ်ပိုင်းဒေသ များတွင် ပျမ်းမျှမိုးရေချိန် ၁၂ လက်မခန့်သာရှိသည့် အတွက် မိုးရေကို တိုင်းဒေသကြီးအတွင်းရှိ တောင်သူများ အားထား၍ မရပေ။
Mar 11, 2022
မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းပိတ်လုပ်ငန်း ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပသည်။
Mar 11, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးရာမူဝါဒကော်မတီ အစည်း အဝေးအမှတ်စဉ် (၁/၂၀၂၂)အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံခြားရေးရာ မူဝါဒကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Mar 11, 2022
“စီးပွားရေးအမြင်သည် နိုင်ငံရေးအမြင်နှင့်လည်း ဆက်စပ်လျက်ရှိပြီး စီးပွားရေးအားကို ကောင်းအောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက အေးချမ်းသာယာသည့်နိုင်ငံတော်ကို တည်ဆောက်နိုင်မည် ဖြစ်ကြောင်း၊ စီးပွားရေးကောင်းမွန်မှသာလျှင် လူနေမှုဘဝ မြင့်မားလာမည်ဖြစ်သဖြင့် နိုင်ငံအတွက် စီးပွားရေးအမြင်များ တိုးတက်လာစေရန်နှင့် စီးပွားရေးစီမံခန့်ခွဲမှုများ မြင့်မားလာစေရန် လေ့လာ အားထုတ်ရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ် ၉ ရက်တွင် ပြောကြားခဲ့သည်။
Mar 11, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက “တိုင်းပြည်သာယာဝပြောရေး” နှင့် “စားရေရိက္ခာဖူလုံရေး” ဟူသော အမျိုးသားရေး လုပ်ငန်းစဉ်နှစ်ခုနှင့် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာစေရေး” နှင့် “ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး” ဟူသော နိုင်ငံရေးလုပ်ငန်းစဉ်နှစ်ခုတို့ကို ဦးတည်ဆောင်ရွက် လျက်ရှိသည်။
