Apr 02, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၂)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စိုက်ပျိုးရေးနှင့် ပတ်သက်၍ “သုတေသနပြုရုံနဲ့ မရဘူး။ တွေ့ရှိချက်တစ်ခုနဲ့ မရဘူး။ ဒါနောက်က ဘယ်လိုအကောင်အထည်ဖော်မလဲ၊ ဒီလိုသွားရမှာပေါ့။
Apr 02, 2022
၂၀၂၁ ခုနှစ် မေလ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်အထိ ၁၈ လကြာ ဆောင်ရွက်မည့် ပန်းခင်းစီမံချက်ကို အချိန်မီပြီးစီးရေး အတွက် သက်ဆိုင်ရာက ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အချို့တွင် ရာနှုန်းပြည့်ပြီးစီးနေကြပြီ ဖြစ်သည်။
Apr 01, 2022
ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ အစည်းအဝေးကို ယနေ့ညနေပိုင်း တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
Apr 01, 2022
၁။ နိုင်ငံတော်၏ တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်ပြီး ပြည်ပနိုင်ငံများသို့ တရားမဝင် ထွက်ခွာသွားသော အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံ၏အကျိုးကို ထိခိုက်စေနိုင်သော လုပ်ဆောင်ချက်များအား ပြုလုပ်ခဲ့ကြကြောင်း စိစစ်ဖော်ထုတ်တွေ့ရှိရသဖြင့် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၆၇ အရ ဖွဲ့စည်းသည့် ဗဟိုအဖွဲ့သည် ပုဒ်မ ၆၈ ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးလျက် ပုဒ်မ ၁၆ နှင့်အညီ ယင်းပုဂ္ဂိုလ်များအား နိုင်ငံသားအဖြစ်မှ ရပ်စဲခဲ့သည်-
Apr 01, 2022
တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲနှင့် ဝန်ဆောင်မှုရေးရာကော်မတီအစည်း အဝေး အမှတ်စဉ် (၄/၂၀၂၂) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။
Apr 01, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
Apr 01, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၃၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် TMT ဆိပ်ကမ်းကုန်သေတ္တာစစ်ဆေး ရေးစခန်း၌ ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ
Apr 01, 2022
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၈၅)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Apr 01, 2022
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အရှိန်အဟုန်တိုးမြှင့်ထိုးနှံနိုင်ရေး ညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီက ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 01, 2022
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက တာဝန်ယူအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ချောမွေ့စေရေး လုပ်ငန်းစဉ်များ ဖြစ်သော လုပ်ထုံးလုပ်နည်းများ ရိုးရှင်းလွယ်ကူစေခြင်း၊ အွန်လိုင်းဝန်ဆောင်မှု မြှင့်တင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အတားအဆီးများလျှော့ချခြင်း၊ ရင်းနှီးမြှုပ်နှံပြီး နောက်ပိုင်းဝန်ဆောင်မှုများ တိုးမြှင့်ပံ့ပိုးပေးခြင်း၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများ လျှော့ချခြင်းနှင့် ပွင့်လင်း မြင်သာမှု ပိုမိုအားကောင်းစေခြင်းစသည့် ဦးတည်ချက်များနှင့်အညီ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူ ချောမွေ့စေခြင်းဆိုင်ရာ အစီအစဉ် (Investment Facilitation Tools) များကို စီးပွားရေး လုပ်ငန်းအသိုက်အဝန်းသို့ စတင်မိတ်ဆက်သည့် “Unboxing Investment Facilitation Toolkit 2022” အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့၊ Wyndham Grand Yangon Hotel ၌ ကျင်းပသည်။
Apr 01, 2022
ခေတ်အဆက်ဆက် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသေးသည့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရန် လိုအပ် နေသော သုတေသနလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက် တစ်ခုဖြစ်သည့် မွေးမြူရေးသုတေသနဦးစီးဌာန အသစ်တစ်ခု တည်ထောင်ဆောင်ရွက်ရန် ၂၀၂၁ ခုနှစ် ဩဂုတ် (၁၇)ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော မွေးမြူရေးသုတေသနဦးစီးဌာန ဖွင့်ပွဲအခမ်းအနားကို
Apr 01, 2022
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ကချင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားတက္ကသိုလ်သို့ သွားရောက်၍ တက္ကသိုလ်အတွင်း ပြင်ဆင်ဆောင်ရွက်ထားမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။
Apr 01, 2022
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၂) အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူ ထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 01, 2022
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း၊ အမှတ်စဉ် (၇၆) သင်တန်းဆင်းပွဲ အခမ်း အနားသို့ တက်ရောက်သည်။
Apr 01, 2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အင်္ဂလိပ်စာဘာသာရပ်လာရောက် ဖြေဆိုသူ စုစုပေါင်း ၂၈၁၃၉၇ ဦးရှိကြောင်း သိရသည်။
Apr 01, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှား နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို
Apr 01, 2022
အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများအစည်းအဝေး (ASEAN+3 Finance and Central Bank Deputies’ Meeting - AFCDM+3) အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲ တွင် ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ကျင်းပသည်။
Apr 01, 2022
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိန်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော သတင်းပြန်ကြားရေး ကောင်တာဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။