Skip to main content

Aug 08, 2022

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၆ ရက် မွန်းလွဲ ၃ နာရီတွင် ကလောမြို့နယ် အောင်ပန်းမြို့ လှည်းရိုးရပ်ကွက်နေ မချော၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၃၀၇၅ ပြား ကိုလည်းကောင်း၊ ထိုနေ့ ညနေ ၄ နာရီတွင် ကျိုင်းတုံမြို့နယ် မိုင်းခွန်ကျေးရွာအုပ်စု မိုင်းခွန်ကျေးရွာအနီး ကျိုင်းတုံ-မိုင်းခွန်သွား ကားလမ်းတွင် ကျဖမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ

ဆက်လက်ဖတ်ရှုရန်

Aug 08, 2022

ရှမ်းပြည်နယ် (မြောက်ပိုင်း)နောင်ချိုမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၈၆ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါး ကက်တမင်း ကီလို ၂၂၀ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 08, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့််ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာစက်မှု ဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်း များနှင့်ကိုက်ညီမှုမရှိဘဲ တင်သွင်း လာသော မော်တော်ယာဉ်ခုနစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၄၆၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 08, 2022

မော်တော်ယာဉ်မောင်းနှင်သူသည် တောင်ဆင်း၊ တောင်တက်လမ်း မောင်းနှင်ရာတွင် လိုက်နာရမည့်အချက်များ (နည်းဥပဒေ ၃၀၇)

ဆက်လက်ဖတ်ရှုရန်

Aug 08, 2022

ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်တွံတေးမြို့နယ် ရွှေကသစ်ချောင်း သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့် ခြင်းအခမ်းအနားကို ဩဂုတ် ၇ ရက် နံနက် ၉ နာရီတွင် ရွှေကသစ်ကျေးရွာ အနီး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 08, 2022

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီ/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Aug 08, 2022

မေး။ အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးတွင် ကျား/မ တန်းတူညီမျှမှုရှိရေး၊ အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားရေးနှင့် လူငယ်များပါဝင်မှု ရရှိရေးတို့နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် အမျိုးသားစီမံချက်များကို ရှင်းလင်း ပြောကြားပေးပါ။

ဆက်လက်ဖတ်ရှုရန်

Aug 08, 2022

မေး။   အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ သည် အာဆီယံနိုင်ငံများ၌ အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်နေသည်ဖြစ်ရာ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း ကဏ္ဍကို ဒေသတွင်းဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုဖြစ်စဉ်၌ ရင်ပေါင်တန်း နိုင်ရေးအတွက် သင့်အနေဖြင့် မူဝါဒချမှတ်သူများကို မည်ကဲ့သို့ အကြံပြုလိုပါသလဲ။

ဆက်လက်ဖတ်ရှုရန်

Aug 08, 2022

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထဲရေး ဝန်ကြီး H.E. Pham Thi Thanh Tra ၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ဩဂုတ် ၃ ရက်မှ ၅ ရက်အထိ ကျင်းပသည့် (၂၁) ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း အကြီးအကဲများ အစည်းအဝေး၊ (၆) ကြိမ်မြောက် အာဆီယံနှင့် အပေါင်းသုံးနိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း အကြီးအကဲများ အစည်းအဝေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှုဆိုင်ရာဖိုရမ်တို့သို့ တက်ရောက်ခဲ့ပြီး ယနေ့နံနက် ၁၀ နာရီခွဲတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 08, 2022

ယနေ့သည် အရှေ့တောင်အာရှ နိုင်ငံများအသင်း(အာဆီယံ)ကို တည်ထောင်ခဲ့သည့် (၅၅) နှစ်မြောက် နှစ်ပတ်လည်အခါသမယဖြစ်ပါသည်။ ယခုကဲ့သို့ မင်္ဂလာရှိသည့် အခါသမယတွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအပေါင်းနှင့် အာဆီယံ ဒေသအတွင်းရှိ ပြည်သူလူထုတစ်ရပ်လုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်သ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 08, 2022

မျက်မှောက်ကာလတွင် ကမ္ဘာတစ်ဝန်း၌ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝ ဘေးအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ကို တွေ့ရမည်။ အထူးသဖြင့် လက်ရှိ၌ ငလျင်ဘေး၊ ရေကြီးရေလျှံ၊ မြေပြိုမှုအန္တရာယ်များကြောင့် နိုင်ငံအချို့တွင် ထိခိုက်၊ ပျက်စီး၊ သေဆုံးမှုများနှင့် ကြုံတွေ့နေသည်။ မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်၊ ပျက်စီး၊ သေဆုံးမှုများ မရှိသေးသော်လည်း မဖြစ်ခင်က ကြိုတင် ပြင်ဆင်၍ အသင့်ဆောင်ရွက်ထားရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 08, 2022

မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တက်ရောက်ခဲ့ခြင်းမရှိသော (၅၅) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးက ထုတ်ပြန်ခဲ့သည့် ကြေညာချက်မှ မြန်မာနိုင်ငံရေးကိစ္စနှင့် ပတ်သက်သည့် စာပိုဒ်ကို မြန်မာနိုင်ငံကလက်မခံဘဲ ပယ်ချလိုက် သည်။ အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံအား ဖိတ်ကြားစဉ်ကပင် နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ပုဂ္ဂိုလ်ကိုသာ ဖိတ်ကြား ခြင်းအားဖြင့်

ဆက်လက်ဖတ်ရှုရန်

Aug 07, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ နေပြည်တော်သို့ ရောက်ရှိပြီး ငြိမ်းချမ်းရေးဆွေးနွေး ဆောင်ရွက်ခဲ့သည့်  ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဒုတိယဥက္ကဋ္ဌ(၁) စဝ်ခေးတိုင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Resort မှ မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာ သွားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ် နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊

ဆက်လက်ဖတ်ရှုရန်

Aug 07, 2022

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက် သမား ၂၀ ဦးခန့်သည် ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် ဝင်ရောက်ခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်ခြံဝန်း တစ်ခုအား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက် ဆီးခဲ့ခြင်းကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အလယ်တန်းပြ ဆရာမ ၁ ဦး အပါအဝင် အရပ်သားပြည်သူ ၁၁ ဦးသေဆုံးခဲ့ပြီး အရပ်သားပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အမျိုးသား ၂ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ် တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူး ဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2022

ပြစ်မှုကျူးလွန်ခဲ့သည့် မောင်ကျော် (ခ)ဖြိုးဇေယျာသော်အား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် လက်နက်သုံးလက်၊ ကျည် ၁၂၀ကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဆက်လက်၍ ၎င်း၏ ထွက်ဆိုချက်အရ လက်နက်မျိုးစုံ ၁၇၈ လက်နှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။ အကြမ်းဖက်လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် တရားခံ ကျား ၂၄၇ ဦး၊ မ ၄၆ ဦး၊ ပေါင်း၂၉၃ ဦးတို့အား လက်လုပ်သေနတ်အပါအဝင် လက်နက်မျိုးစုံ ၄၀၀၊ လက်လုပ်စိန်ပြောင်း ခြောက်လက်၊ ကျည်မျိုးစုံ ၁၈,၈၁၀ တောင့်၊ ဗုံးသီး၊ မိုင်း၊ လက်ပစ်ဗုံး ၊ လက်လုပ်မိုင်း၊ လက်လုပ်စိန်ပြောင်း၊ ဗုံးသီးစသည့် ဖောက်ခွဲရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းမျိုးစုံ၊ ဆက်သွယ်ရေး စကားပြောစက်၊ စိတ်ကြွရူးသွပ်ဆေးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့အပေါ် ချမှတ်ခဲ့သည့် တရားစီရင်ချက်မှာ ပြစ်မှုကျူးလွန်သူများအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်ခြင်းနှင့် နိုင်ငံရေးအတိုက်အခံ ပြုခြင်းကြောင့်မဟုတ်ဘဲ အကြမ်းဖက်မှုဆိုင်ရာ တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်ခဲ့ခြင်း ကြောင့်သာဖြစ်ပါသည်။ အကြမ်းဖက်တိုက်ခိုက်၊ လူသတ်ခြိမ်းခြောက်မှုလုပ်ဆောင်ခဲ့သည်များကို မမြင်ဟန် ပြု၍ ပါတီဟူသောတံဆိပ်၊ ထင်ပေါ်ကျော်ကြားခြင်းဟူသော လက္ခဏာတို့ကို အထူးပြုကာမဖြစ်သင့်ဟု ဆိုနေခြင်းမှာ ဖြစ်သင့်ဖြစ်ထိုက်သည့် အဖြေမဟုတ်နိုင်ပါ။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2022

အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲများကို ထိုင်းနိုင်ငံ အူဘွန်ရတ်ချဌာနီမြို့တွင် ဆက်လက်ကျင်းပလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ က Sunee Tower ၌ ကျင်းပသည့် ဝူရှူးအားကစားပြိုင်ပွဲ နောက်ဆုံးပွဲစဉ်များဖြစ်သည့် အမျိုးသမီး ထိုက်ချိကျန့်ပြိုင်ပွဲ၊ အမျိုးသမီး နန်းသောင်းပြိုင်ပွဲ၊ အမျိုးသားအတွဲအတိုက်၊ အမျိုးသမီးအတွဲအတိုက် ပွဲစဉ်များ၌ တက္ကသိုလ်ဝူရှူးအားကစားအဖွဲ့မှ မအေးသစ္စာမြင့် က ရွှေတံဆိပ် (ယာပုံ)နှင့် မမြတ်နိုးအိမ်က ငွေတံဆိပ်ဆုများကို ထပ်မံဆွတ်ခူးရရှိသည်။

ဆက်လက်ဖတ်ရှုရန်