Skip to main content

May 16, 2023

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည့်အတိုင်း ရခိုင်ကမ်းရိုးတန်း စစ်တွေမြို့အနီးမှဖြတ်ကျော်ပြီး ကုန်းတွင်းပိုင်း မတူပီမြို့အနီးမှ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး (မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး (မြောက်ပိုင်း) တို့သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 16, 2023

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်သွားပြီးနောက် သဘာဝဘေးဒဏ်ခံခဲ့ရသည့် ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့ကို အမြန်ဆုံးပြန်လည်ဆောင်ရွက်ကြရတော့မည်ဖြစ်သည်။ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” နှင့်စပ်လျဉ်း၍ လေဖိအားနည်း ရပ်ဝန်းမဖြစ်ပေါ်သေးမီကပင် ကြိုတင်ခန့်မှန်းမှုများပြုလုပ်ကာ မျက်ခြည်မပြတ်စောင့်ကြည့်မှုများ၊ ကြိုတင်သတိပေး ပြင်ဆင်ရွှေ့ပြောင်းမှုများ ပြုလုပ်နိုင်ခဲ့သဖြင့် အဖျက်စွမ်းအား ကြီးမားလှသည့် မုန်တိုင်းကြီးတိုက်ခတ်သွားမှုတွင် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ လွန်စွာနည်းပါးလှခြင်းဖြစ်သည်။ သို့ရာတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုပမာဏ ကြီးမားသည့်အလျောက် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာချက်ထုတ်ပြန်ထားပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 16, 2023

မြန်မာနိုင်ငံအတွင်း (၁၄-၅-၂၀၂၃) ရက်နေ့က ဖြစ်ပွားခဲ့သော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်သူများအတွက် ပြည်တွင်းပြည်ပစေတနာရှင်များအနေဖြင့် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းနိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 16, 2023

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) ၏အရှိန်ကြောင် ဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်း၊ ကမ်းပါးပြိုခြင်း၊ လမ်းမီးတိုင်များလဲကျခြင်း၊ သစ်ပင်သစ်ကိုင်းလဲကျခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် တပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံနက် ၇ နာရီတွင် ထုတ်ပြန်သည့် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) သတိပေးချက်များအရ ချင်းပြည်နယ်၊ မတူပီမြို့အနီးမှ ကုန်းတွင်းပိုင်းသို့ ရွေ့လျားဝင်ရောက်ခဲ့သည့် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) "မိုခါ" (MOCHA) သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) "မိုခါ" (MOCHA) အဖြစ်သို့ အားလျော့သွားခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကသာမြို့အနီးမှ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) "မိုခါ" (MOCHA) သည် မေ ၁၄ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်းဒေသများသို့ စစ်တွေ့မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်ကိုလည်း သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်‌ကြေညာထားပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှု များပေးနိုင်ရန် စစ်ရေယာဉ် (၅၅၄) သည် တပ်မတော် (ရေ) မှ ကြက်ဥ ၅,၀၀၀ လုံး၊ ကြက်သား ၅၀၀ ပိဿာခန့်၊ ခေါက်ဆွဲခြောက် ၁၀၀ ဖာနှင့် ၁ လီတာရေသန့် ၆၀၀ ကတ်တို့အား တင်ဆောင်၍ ကူညီကယ်ဆယ်ရေးဆောင်ရွက်မည့်အဖွဲ့များနှင့်အတူ မေ ၁၅ ရက် နံနက် ၉ နာရီခွဲအချိန်တွင် အမှတ် (၆) ရေတပ်ဆိပ်ခံတံတား (ကျောက်ဖြူမြို့) မှထွက်ခွာခဲ့ရာ အမှတ် (၁၄) ရေတပ်ဆိပ်ခံတံတား (စစ်တွေမြို့) သို့ ယနေ့ညနေ ၃ နာရီခွဲတွင်ရောက်ရှိခဲ့ပြီး သယ်ဆောင်လာသည့် ကြက်ဥ၊ ကြက်သား၊ ခေါက်ဆွဲခြောက်နှင့် ရေသန့်ဘူးများအား မုန်တိုင်းဒဏ်သင့်ပြည်သူများသို့ပေးဝေခဲ့ပြီး ရသေ့တောင်ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

ပုဂံညောင်ဦးဒေသအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းတွင် ညောင်ဦးမြို့၊ ညောင်ဦးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥ၊ စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ မြောင်းမြခရိုင် သဘာဝဘေးအန္တရာယ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုအသင်းအဖွဲ့များနှင့် လေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

ရခိုင်ပြည်နယ်သဘာဝဘေးသင့် ပြည်သူများအား ကူညီဆောင်ရွက်ရေးအတွက် အလှူငွေလှူဒါန်းခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၌ပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းမှူးဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

မြန်မာနိုင်ငံအတွင်း (၁၄-၅-၂၀၂၃) ရက်နေ့ကဖြစ်ပွားခဲ့သော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်သူများအတွက် ပြည်တွင်းပြည်ပစေတနာရှင်များအနေဖြင့် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းနိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၄-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၅-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၀၄၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၂) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၈) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

မြန်မာနိုင်ငံအတွင်း (၁၄-၅-၂၀၂၃) ရက်နေ့က ဖြစ်ပွားခဲ့သော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်သူများအတွက် ပြည်တွင်း ပြည်ပစေတနာရှင်များအနေဖြင့် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းနိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက တစ်ပြည်လုံးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ ်တို့တွင် ဒေသအလိုက်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အဦများ ပြိုကျပျက်စီးခြင်း၊ သစ်ပင်သစ်ကိုင်းများလဲကျ၍ လမ်းများပိတ်ဆို့ခြင်း၊ ကားလမ်းများရေကျော်ခြင်း၊ လမ်းမီးတိုင်များပျက်စီးခြင်း၊ တာဝါတိုင်များပျက်စီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်ခဲ့ဖြင့် ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာ မုန်တိုင်းဒဏ်ခံ ကာကွယ်ရေးအဆောက်အဦ (Cyclone Shelter) များ၊ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) ၏ အရှိန်ကြောင့် ဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းများဖြစ်ပေါ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) ၏ အရှိန်ကြောင့် ဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းများဖြစ်ပေါ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း ယမန်နေ့ညနေ ၆ နာရီနှင့် ည ၈ နာရီအချိန်က လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းသဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု(၈)အုပ်စုမှ ကျေးရွာခွဲ(၁၀)ရွာမှ နေအိမ်(၃၅)လုံးအမိုးလန်ပြီး နေအိမ်(၂)လုံးပြိုလဲကာ အမှတ်(၃)ရပ်ကွက်ဈေးအိမ်သာဖိုက်ဘာရေကန်(၁)လုံး သစ်ပင်ပိ၍ပျက်စီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) "မိုခါ" (MOCHA) ဝင်ရောက်မှုကြောင့် မုန်တိုင်းဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်