Nov 12, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့် ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း၊ ချင်းရွှေဟော်၊ မြဝတီနှင့် ကျိုင်းတုံကုန်သွယ်ရေး စခန်းတို့မှတင်သွင်းရာ၌ ကုမ္ပဏီလေးခုမှ ယာဉ်ငါးစီး ဖြင့် အောက်ဆီဂျင်(အရည်) Bowser တစ်စီး ၁၆ တန်၊ အောက်ဆီဂျင်အိုးခွံ ၉၆၀၊ Oxygen plant တစ်ခု၊ လက်အိတ်၂၈ တန်နှင့် နှာခေါင်းစည်း (Mask) ( ၁၈ တန်တို့ကို တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးမှာ မြဝတီကုန်သွယ် ရေးဇုန်မှ ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant တစ်ခု မှာ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရသည်။
Nov 12, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေး ကို အထောက် အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူ ရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ် လုပ်မှုရာ နှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက် ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
Nov 12, 2021
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီက ပြည်သူများအကြား မြန်မာစာပေ အကျိုးကို ထူးချွန် ပြောင်မြောက်စွာ တစ်သက်တာလုံး ကြိုးပမ်းရေးသားပြုစုခဲ့သူများအား လေးစားအသိ အမှတ်ပြုသောအားဖြင့် ၂ဝ၂ဝ ပြည့်နှစ် အတွက် အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆုတို့ကို ရွေးချယ်ထုတ်ပြန်ခဲ့ရာ၌ ဆုရရှိသော စာရေးဆရာကြီး များအား မြန်မာ့အလင်းက တွေ့ဆုံမေးမြန်ခဲ့သည်။
Nov 12, 2021
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့ နံနက်ပိုင်းတွင် တောင်ငူ တက္ကသိုလ်နှင့် တောင်ငူပညာရေး ဒီဂရီ ကောလိပ်တို့၌ အသစ်ခန့်အပ်သော တက္ကသိုလ်နည်းပြ၊ သရုပ်ပြဆရာ ဆရာမသစ်လွင်များ၊ အခြေခံပညာ ဆရာ ဆရာမ သစ်လွင်များနှင့် အဆိုပါတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်ရှိ ဘွဲ့နှင်းသဘင်ခန်းမနှင့် မြတ်ပညာခန်းမတွင် တွေ့ဆုံသည်။
Nov 12, 2021
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များဖြစ်ကြ သည့် ဦးခင်မောင်ဦးနှင့် ဒေါ်နန်း စန္ဒာစမ်းတို့သည် နိုဝင်ဘာ ၁၀ ရက် နှင့် ၁၁ ရက်တို့တွင် အာရှနိုင်ငံ များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားရုံးများနှင့်အဆင့်တူ အဖွဲ့အစည်းများအသင်း (AACCThe Association of Asian Constitutional Courts and Equivalent Institutions)e mosw အကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ စာတမ်းဖတ်ပွဲသို့ Video Conferencingစနစ်ဖြင့် ပါဝင်တက် ရောက်ကြသည်။
Nov 12, 2021
တရုတ်နိုင်ငံမှ အကူအညီပေးအပ်သည့် မြန်မာနိုင်ငံရောဂါ ထိန်းချုပ်ရေးဗဟိုဌာန (CDC) နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်း စီမံကိန်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ လတွင် စတင်ဖော်ဆောင်ပြီး နောက် စီမံကိန်းအဖွဲ့သည် ကပ်ရောဂါ ထိခိုက်မှုကို ကျော်ဖြတ်၍ ယာယီအဆောက် အအုံ တည်ဆောက်မှု၊ မြေဖို့မှု များကို လုပ်ဆောင်ပြီးဖြစ်သည်။ မိုးရာသီ ပြီးဆုံးသွားသည်နှင့်အမျှ စီမံကိန်းအဖွဲ့က တည်ဆောက်မှု
Nov 12, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်သန်းဦး၊ ဒေါက်တာ ချာလီသန်း၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ မြို့တော်ဝန် ဦးဗိုလ်ဌေး နှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (သမိုင်း) နှင့် မြန်မာ့ဆေးဝါးစက်ရုံ(အင်းစိန်)တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 12, 2021
ယနေ့ကာလတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဂယက်ရိုက်ခတ်မှုအမျိုးမျိုး ရှိသည်။ လက်ရှိတွင် ကိုဗစ်-၁၉ ဂယက်ရိုက်ခတ်မှုကြောင့် လူမှုစီးပွားဘဝများတွင် အခက်အခဲများရှိသည်။ အလုပ်အကိုင်မ လည်ပတ်မှု၊ ငွေကြေး ဂယက်ရိုက်ခတ်မှု တို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူလူထုစီးပွားရေးဘဝတွင် အခက်အခဲများရှိသည်။ ထို့ကြောင့် အစစအရာရာတွင် ခြိုးခြံချွေတာခြင်းဖြင့် တည်ငြိမ်မှုရှိအောင် ပြုလုပ် ရမည်ဖြစ်သည်။
Nov 12, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်ခုနှစ်ခုတို့တွင်ရှိသည့် မြို့နယ်ပေါင်း ၁၇ မြို့နယ်တွင် လွန်ခဲ့သည့် ၁၄ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာများ လျော့နည်းလာသည့်အတွက် မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်ပေးလိုက်သည်။ ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာအသစ်တွေ့ရှိမှု ရာခိုင်နှုန်းမှာလည်း ၄ရာခိုင်
Nov 11, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် -
Nov 11, 2021
(၂၇) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ် ဦးဆောင်၍ ယနေ့တွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။ အဆိုပါ အစည်းအဝေး နှင့်အတူ အာဆီယံ- တရုတ် ပို့ဆောင်ရေးဝန်ကြီးများအစည်း အဝေးနှင့် US-ASEAN Business Council (US-ABC) ဆွေးနွေးပွဲ တို့ကိုလည်း တစ်ဆက်တည်းကျင်းပသည်။
Nov 11, 2021
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ကျန်းမာရေးကဏ္ဍ ပူးပေါင်း ဆောင် ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Mr. Saurabh Kumar နှင့်အဖွဲ့အား ကျန်းမာရေး ဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။
Nov 11, 2021
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၁) ကို ယနေ့ မွန်းလွဲပိုင်းတွင် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ကျင်းပသည်။
Nov 11, 2021
၄၂ ကြိမ်မြောက် အာဆီယံ ဥပဒေပညာရှင်များအသင်း (42nd ALA Governing Council) အစည်းအဝေးကို ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Nov 11, 2021
စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
Nov 11, 2021
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးH.E Mr. Saurabh Kumar အား ယနေ့ မွန်းလွဲ (၁)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Nov 11, 2021
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေး စီမံချက်အား အကောင်အထည် ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဋ္ဌာနများ၊ မြန်မာ နိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများနှင့် ညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဋ္ဌာန နီလာအစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Nov 11, 2021
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်နေ မခင်အေး၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ သိန်းလွင်ကိုတွေ့ရပြီး ဘိန်းဖြူ သုည ဒသမ ၂၁ ကီလိုကိုလည်းကောင်း။
Nov 11, 2021
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် ကော်မတီအစည်းအဝေး (၃/၂၀၂၁)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Nov 11, 2021
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဂိတ်နှစ်ခုသို့ ရေထွက်ကုန်နှင့် ကုန်ခြောက်ပစ္စည်းများကို အောက်တိုဘာ ၁၃ ရက်မှစတင်၍ တင်ပို့ခဲ့ရာလေးပတ်အတွင်း အမေရိကန် ဒေါ်လာ ၂ ဒသမ၂၆၁ သန်း ရရှိခဲ့ပြီး ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၁၅ သန်း ရရှိခဲ့ကြောင်း သိရသည်။