နေပြည်တော် နိုဝင်ဘာ၁၁
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ကျန်းမာရေးကဏ္ဍ ပူးပေါင်း ဆောင် ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Mr. Saurabh Kumar နှင့်အဖွဲ့အား ကျန်းမာရေး ဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရန် အတွက် အိန္ဒိယနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ရေးကိစ္စ၊ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း အထောက်အထားများ နှစ်နိုင်ငံ အသိအမှတ်ပြု၍ ခရီးသွားလာခြင်းဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျော့ခွင့်ပြုရေးဆိုင်ရာ ကိစ္စ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း ဆိုင်ရာ COWIN Platform အား နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စ၊ အိန္ဒိယနိုင်ငံမှCOVAXIN ကိုဗစ်-၁၉ ကာကွယ် ဆေးကို WHO မှ အရေးပေါ် အသုံးပြုရန် အတွက် အသိအမှတ်ပြုပြီးဖြစ်ပါ၍ မြန်မာ နိုင်ငံမှ အသိအမှတ်ပြု ကာကွယ်ဆေး စာရင်းတွင် ထည့်သွင်းနိုင်ရေးကိစ္စ၊ လက်ရှိ အချိန်တွင် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများဖြင့် ဝယ်ယူထားသော ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဖြင့်လည်းကောင်း၊ နှစ်နိုင်ငံရင်းနှီး ချစ်ကြည်မှုအရ လှူဒါန်းပေး ထားသော ကာကွယ်ဆေးများဖြင့် လည်းကောင်း မြန်မာနိုင်ငံတွင်း National Vaccine Deployment Plan အရထိုးနှံပေးလျက်ရှိသည့် ကိစ္စ၊ ကျန်းမာရေးဝန်ကြီးဌာနမှ အထူး ကုဆရာဝန်များ အိန္ဒိယနိုင်ငံသို့ စေလွှတ်ပညာသင် ကြားရေးဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံ တွင် State-of-the-Art ဆေးရုံတည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ အိန္ဒိယ နိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။
(သတင်းစဉ်)