Skip to main content

Nov 21, 2021

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ် ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီ (၁) ခု ၊ ယာဉ်စီးရေ (၄) စီးဖြင့် နှာခေါင်းစည်း Mask (၃၃) တန် တင်သွင်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2021

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် နိုဝင်ဘာ (၂၀) ရက် နံနက် ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ အမှတ် (၃) အထည်စက်ရုံခွဲ (စစ်ကိုင်း) သို့ ရောက်ရှိပြီး စက်ရုံခွဲတာဝန်ခံက လုပ်ငန်းလည်ပတ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားပြီး စက်ရုံအတွင်း စက်ပစ္စည်းကိရိယာများ တပ်ဆင်ထား ရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2021

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် လမ်းဦးစီးဌာနမှ ဆောင်ရွက်သော ဖြူး - အုတ်ဖြတ် - မုန်းလမ်း ပြုပြင်ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2021

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2021

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၉ ရက် ညနေ ၃ နာရီခွဲတွင် နောင်ချို မြို့နယ် မူဆယ်-မန္တလေးသွားကားလမ်း မိုင်တိုင်အမှတ်(၈၀/၄)တွင် ရဲဝင်းအောင် မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် ထက်ရှိုင်း မောင်းနှင်ပြီး ပိုင်ပိုင်စော လိုက်ပါလာသည့် ဆိုင်ကယ်နှစ်စီးကို ရပ်တန့်စစ်ဆေးရှာဖွေရာ ရဲဝင်းအောင်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ကို လည်းကောင်း။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2021

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် မြဝတီကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း နှစ်ခုတို့မှ တင်သွင်းရာ ကုမ္ပဏီသုံးခုမှ ယာဉ်စီးရေ လေးစီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးဖြင့် ၁၃ တန်နှင့် နှာခေါင်းစည်း ၂၁ တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးမှာ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2021

(၃၂)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2021

ကမ္ဘာ့မြောက်ဝင်ရိုးစွန်းမှ ငှက်မျိုးစိတ်များသည် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ဆောင်းခိုရာစားကျက်များသို့ လမ်းကြောင်းကိုးကြောင်းမှ ဝင်ရောက်လေ့ရှိပြီး မြန်မာနိုင်ငံတွင် ဆောင်းရာသီသို့ ဝင်ရောက်လာချိန်၌ မိုးယွန်းကြီးဘေးမဲ့အင်းသို့ အာရှဗဟိုလမ်းကြောင်းနှင့် အရှေ့အာရှဩစတြေးလျ လမ်းကြောင်းတို့မှ ဆောင်းခိုငှက်များ ဝင်ရောက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2021

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြမြေစီမံခန့်ခွဲမှုဌာနမှ မြေစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုပေးနေသည့် ကိစ္စရပ်များကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခေတ္တ ရပ်ဆိုင်းခဲ့မှုအပေါ် မတ်လ ၃၀ ရက်တွင် ပြန်လည်ဖွင့်လှစ်၍ ဝန်ဆောင်မှုများကို ရက်အလိုက်၊ ခရိုင်/မြို့နယ်အလိုက် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ၁၂ထပ်ခွဲရုံးမြေညီထပ်ကားပါကင် ဧရိယာတွင် ဝန်ဆောင်မှုပေးခဲ့ပြီး ယခုအခါ နိုဝင်ဘာ ၂၂ ရက် (တနင်္လာနေ့)မှစ၍ မြေစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုကိစ္စများကို ပြည်သူများ ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်စေရေးအတွက် ခရိုင်/မြို့နယ်များ အားလုံး စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်မှအပ နေ့စဉ် ဆောင်ရွက်ပေးမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2021

မိုးကုန်၍ ဆောင်းရောက်ပြီဆိုသည်နှင့် အေးမြသောရာသီဥတုနှင့် ထိတွေ့ လာရသည့်အလျောက် သွေးလေထိုင်းမှိုင်းလာတတ်ပါသည်။ ကိုယ်မအီမသာဖြစ်ခြင်း၊ ကိုက်ခဲခြင်း၊ ခေါင်းအုံခေါင်းခဲခြင်း၊ ဇက်ကြောတက်ခြင်း စသော ဝေဒနာလေးများသည် အသေးအဖွဲဟုဆိုသော်လည်း ရေရှည်တွင် မကောင်းပါ။ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2021

အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော CRPH၊ NUG နှင့် PDF အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG နှင့် NLD ပါတီဝင် မောင်ကျော်(ခ) ဖြိုးဇေယျာသော် တို့၏ စေခိုင်းချက်အရ ရန်ကုန်မြို့အတွင်း အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်ခဲ့သော တရားခံ ကျား ၄၀ ဦး၊ မ ၇ ဦး၊ ပေါင်း ၄၇ ဦးအား လက်နက်ငယ်မျိုးစုံ ၃၄ လက်၊ ကျည်အိမ်မျိုးစုံ ၇၀ ခု၊ ကျည်မျိုးစုံ ၂၁၀၅ တောင့်၊ ၄၀ မမဗုံးသီး ၁၇ လုံး၊ လက်လုပ်ဗုံး ၁၀ လုံး၊ ရီမုမိုင်း ၄ လုံး၊ ရှေ့ထွက်မိုင်း ၄ ခု၊ မီးခိုးဗုံး ၅ လုံး၊ ရှို့ပစ် ၂ လုံး၊ ယမ်းမှုန့်(မီးခိုရောင်) ၇ ထုပ်၊ မှန်ပြောင်း ၁ ခုနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်အား နိုဝင်ဘာလ ၁၇ ရက်တွင်လည်းကောင်း၊ ရန်ကုန်မြို့အတွင်း အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးမှုများ၊ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လုပ်ကြံသတ်ဖြတ်ရန် စေခိုင်းနေသော NLD ပါတီဝင် မောင်ကျော်(ခ)ဖြိုးဇေယျာသော် အား ဒဂုံ(ဆိပ်ကမ်း) မြို့နယ်၊ ရတနာလမ်း၊ ရတနာနှင်းဆီကွန်ဒို၊ တိုက်အမှတ်(3/B)၊ အခန်းအမှတ်(B-0907)၌ Sigsauer အမျိုးအစားပစ္စတို ၂ လက်၊ ၉ မမ ကျည် ၄၈ တောင့်၊ M-16 သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၇၄ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်အား နိုဝင်ဘာလ ၁၈ ရက်တွင်လည်းကောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်၊၊

ဆက်လက်ဖတ်ရှုရန်

Nov 21, 2021

မြတ်စွာဘုရားရှင်သည် လောကလူသားအားလုံး ကောင်းကျိုးချမ်းသာဖြစ်စေရေးအတွက် မဟာကရုဏာ ထားတော်မူသည်။ လောကတွင် မကောင်းမှုကို ရှောင်ကြဉ်လျှင် ကောင်းကျိုးချမ်းသာ ဖြစ်စေသည်။ မြတ်စွာဘုရားရှင်သည် မကောင်းမှုဟူသမျှကို ပယ်ဖျောက်နိုင်သော (၃၈) ဖြာ မင်္ဂလာတရားတော်ကို လောကလူသား သတ္တဝါ အားလုံးတို့ အကျိုးစီးပွားများပြားစေရန်အတွက် ဟောပြတော်မူခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2021

အကြမ်းဖက်မှု ကျူးလွန်ခဲ့ကြသော အကြမ်းဖက်သမားများ၊ ၎င်းတို့ ခိုအောင်းလှုပ်ရှားလျက်ရှိသည့် နေရာများ၊ လက်နက်၊ ခဲယမ်း မီးကျောက်သိုလှောင်ထားမှုများ စသည်တို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိရာ အကြမ်းဖက်မှုများကို မလိုလားသည့် ပြည်သူများ၏သတင်းပေးမှု၊ ပူးပေါင်းပါဝင်မှုတို့ကြောင

ဆက်လက်ဖတ်ရှုရန်

Nov 20, 2021

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရည်မြင့်မားရေးမှာ အရေးအကြီးဆုံးဖြစ်သောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍ မြင့်မားတိုးတက်ရေး အတွက် အခြေခံလိုအပ် ချက်များဖြစ်သည့် စာသင်ကျောင်းများ တည်ဆောက်ပြုပြင်ပေးခြင်း၊ သင်ထောက်ကူ ပစ္စည်းများ ဖြည့်တင်းပေးခြင်း၊ အရည်အချင်းပြည့်ဝသည့် ဆရာဆရာမများ မွေးထုတ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် အနာဂတ်မျိုးဆက် သစ်လူငယ်များ ကျောင်းနေပျော်ရေးနှင့် ပညာသင်ကြားရေးတွင် စိတ်ဝင်စားမှုရှိစေရေးတို့အတွက် နိုင်ငံတော်အစိုးရ၊ ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများက ညီညွတ်မျှတစွာ ထိန်းမတ်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 20, 2021

မြန်မာနိုင်ငံသည် ရဟန်းသံဃာ တော်များ၏ အဆုံးအမဩဝါဒဖြင့် ကြီးပြင်းသည့် လူနေမှုစရိုက်ကို အခြေပြုကာ ယဉ်ကျေးပျူငှာမှုရှိသည့် နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး ရဟန်း သံဃာတော် များ၏ သာသနာတော်အရေး ကြိုးပမ်းထမ်းဆောင်ခဲ့မှုများကြောင့် ဗုဒ္ဓဘာသာ ကိုးကွယ်မှုများပြားသည့် နိုင်ငံများအနက် ထေရဝါဒဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံများကပင် အသိအမှတ်ပြုထားရသည့် နိုင်ငံ ဖြစ်ပါသည်။ ယခုအခါ အကြမ်းဖက် အဖွဲ့များဖြစ်သော CRPH ၊ NUG နှင့် PDF အကြမ်းဖက်အဖွဲ့များသည် အပြစ်မဲ့ဝန်ထမ်းများနှင့် ပြည်သူများကိုသာမကဘဲ ရဟန်းသံဃာများကိုပင် ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၌ နိုဝင်ဘာလ ၁၉ ရက်နေ့က ရဟန်း သံဃာ ၁ ပါး အား PDF အကြမ်းဖက်အဖွဲ့မှ သတ်ဖြတ်ပြီး အလောင်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 20, 2021

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ ကြီးမှူးကျင်းပသော “သမိုင်းသုတေသနဘာသာရပ်ဆိုင်ရာစာတမ်းဖတ်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 20, 2021

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ဦးစားပေး အစီအစဉ်များအလိုက် ထိုးနှံပေးလျက်ရှိသည်။ ထိုသို့ ထိုးနှံပေးရန်အတွက် နိုဝင်ဘာ ၁၂ ရက်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက မြန်မာနိုင်ငံသို့ Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(၃)သန်း doses ထပ်မံ၍ လှူဒါန်းပေးအပ်ခဲ့ရာ ၎င်းနေ့တွင်ပင် ပထမအသုတ်အဖြစ် Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၁)သန်း doses ရောက်ရှိပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 20, 2021

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် “လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်ခရီးသွား လုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲ” သို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်