နေပြည်တော် မတ် ၂၄
ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဟားခါးတရ်(၁/၂)ရပ်ကွက်ရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုဇယားများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့တွင် ဟားခါးမြို့၊ မြစ်သစ်ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် တာဝန်ရှိသူများ၊ ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေး ကတ်ပြား ၁၀၁ ကတ်နှင့် အိမ်ထောင်စုဇယား ၁၂ ခုတို့ကို ပေးအပ်ရာ ဒေသခံပြည်သူများကိုယ်စား တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။