ပဲခူး ဒီဇင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယမန်နေ့ မွန်းလွဲပိုင်းက သယံဇာတ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင် သာယာရေး ဝန်ကြီး ဒေါက်တာစောညိုဝင်း၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့ကျုံးကူးတံတား တည်ဆောက် ခြင်းနှင့် အရှေ့မြို့ရှောင်လမ်း ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့အား ကျုံးကူးတံတားတည်ဆောက်ရေး စီမံကိန်းရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီး ဌာန၊ ညွှန်ကြားရေးမှူး ဦးတိုးတိုးနှင့် တံတားဦးစီးဌာန၊ တည်ဆောက်ရေး (၃)၊ တံတားအထူးအဖွဲ့(၉)မှ ဒုတိယ ညွှန်ကြားရေး မှူး (မြို့ပြ)ဦးကျော်မျိုးတို့က သမိန်ဗရမ်း လမ်း - ဆံတော်တွင်းလမ်းမှ မဂ္ဂတစ်လမ်းပေါ်ရှိ ကျုံးကူးတံတား တည်ဆောက်ခြင်း ဆိုင်ရာများနှင့် ပဲခူးမြို့ အရှေ့မြို့ရှောင်လမ်း ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်က လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းခွင်နှင့် အရှေ့ မြို့ရှောင်လမ်းအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ ပဲခူးမြို့ သမိန်ဗရမ်းလမ်း-ဆံတော်တွင်းလမ်းမှ မဂ္ဂတစ်လမ်းပေါ်ရှိ ကျုံးကူးတံတားသည် ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၅၆.၈၄၃)သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံ ငွေကျပ်သန်း (၁၆၂၀)သန်း၊ စုစုပေါင်း ကျပ်သန်း (၁၇၇၆.၈၄၃) သန်းဖြင့် တံတားဦးစီးဌာန၊ တည်ဆောက်ရေး(၃)၊ တံတား အထူးအဖွဲ့(၉)မှ တာဝန်ယူကူကာ တံတားအရှည် (၂၁၀)ပေ၊ အကျယ်(၂၄)ပေရှိ ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ် တံတားအဖြစ် တည်ဆောက် နေခြင်း ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)