Skip to main content

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် စုပေါင်းသွေးကုသိုလ်ယူ သွေးလှူဒါန်းပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

ထားဝယ် ဇန်နဝါရီ ၂

၂၀၂၀ ပြည့် နှစ်သစ်ဦးတွင် ကုသိုလ်ပြုသန့်ရှင်းရေးအဖွဲ့မှ ဦးဆောင်၍ ပထမအကြိမ် စုပေါင်းကုသိုလ်ယူ သွေးလှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် မြို့၊ ထားဝယ်ပြည်သူ့ဆေးရုံကြီး၌  ကျင်းပသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သွေးလှူဘဏ် တာဝန်ခံ ဒေါက်တာစန်းစန်းဝင်းနှင့် တာဝန်ရှိသူများက စုပေါင်းသွေးလှူဒါန်းမှု အား ကြည့်ရှု အားပေးစကားပြောကြားပြီး သွေးလှူဒါန်းမှု အကြိမ်ရေ အများဆုံးသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ဆက်လက်၍ တာဝန်ရှိသူများက ကုသိုလ်ပြုသန့်ရှင်းရေးအဖွဲ့မှ သွေးလှူဒါန်းသူ စုစုပေါင်း(၁၁၈)ဦးအား အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ကျော်ကျော်လတ် (ထားဝယ်ခရိုင် ပြန်/ဆက်)