Skip to main content

ဖလမ်းဂေါက်ကွင်းသစ် ဖွင့်လှစ်ပြီး ဂေါက်ကွင်းဖွင့်ပွဲအထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပကာ ဆုများချီးမြှင့်ပေး

ဖလမ်း     ဒီဇင်ဘာ    ၂၀

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ဆူရ်ဘုန်လေယာဉ်ကွင်းအနီးရှိ ဖလမ်းဂေါက်ကွင်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ပြုလုပ်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ်တရားလွှတ်တော်တရားသူ ကြီးချုပ် ဦးဝင်းမြင့်ကျော်၊ ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့​ေစက်မှုလက်မှုဝန်ကြီး ဦးစိုးထက်တို့က ဖဲကြိုးဖြတ် ဖွင့် လှစ်ပေး သည်။

ထို့နောက် ဂေါက်ကွင်းဖွင့်ပွဲအထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ဆက်လက်ကျင်းပကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရား လွှတ်တော်တရားသူကြီးချုပ်၊  စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးနှင့် ဖလမ်းခရိုင် အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းတို့က Smoke Ball ရိုက်ဖွင့်လှစ်ပေးပြီး ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝနိရှိသူများက ဂေါက်ကွင်းနှင့် ဂေါက်သီးရိုက်ပြိုင် ပွဲပြုလုပ်မှုကို ကြည့်ရှု စစ်ဆေးအားပေးခဲ့ကြကြောင်းသိရသည်။

ဂေါက်သီးရိုက်ပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို အဆိုပါဂေါက်ကွင်း၌ ည ၆ နာရီက ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်တို့က အမှာစကားပြောကြားကြပြီး ဖလမ်းဂေါက်ကလပ် ဥက္ကဋ္ဌ ဦးလှောန်ဟရဲလျန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။

ခရိုင် ပြန်/ဆက်