Skip to main content

ပြည်ပတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများနှင့် မြန်မာနိုင်ငံသားများအား ပြန်လည်ပို့ဆောင်ပေး

(၁၉-၁၂-၂၀၂၀ ရက်၊ ဆိုးလ်)

COVID-19 ကူးစက်ရောဂါ ကာလအတွင်း၌ ကိုရီးယားသမ္မတနိုင်ငံတွင် သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသားများနှင့် မြန်မာနိုင်ငံသားများအတွက် ကိုရီးယားနိုင်ငံရှိ JSM International ၏ စီစဉ်မှုဖြင့် ၁၉-၁၂-၂၀၂၀ ရက်နေ့တွင် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ဖြင့် အထူးကယ်ဆယ်ရေး လေယာဉ် ပျံသန်းပြေးဆွဲပေးခဲ့ပါသည်။

အဆိုပါ ကယ်ဆယ်ရေး လေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ (၁၅:၃၈) နာရီအချိန်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသား (၁၁၄) ဦး၊ ဂျပန်မှ (၉) ဦး၊ ဘရာဇီးလ်မှ (၁၂) ဦးနှင့် တရုတ်မှ (၂) ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား (၁၃၇) ဦးတို့ စီးနင်းလိုက်ပါခဲ့ကြပါသည်။

လိုက်ပါသည့်ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရှိရပါသည်။

#Ministry_of_Foreign_Affairs_Myanmar