Skip to main content

တနိုင်း၊ မိုးမိတ်နှင့် မိုင်းဖြတ်မြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၁၉

ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်  ၁၁ နာရီ ၄၅ မိနစ်တွင် တနိုင်းမြို့၊ ဆင်ဆာ့ကောင်းရပ်ကွက်နေ မင်းနောင်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ မင်းနောင်နှင့်အတူ ထိန်လွန် အား တွေ့ရှိရပြီး ဘိန်းဖြူ သုည ဒသမ ၃၃ ကီလိုနှင့် မော်တော်ဆိုင်ကယ် တစ်စီးတို့ကို လည်းကောင်း၊

ထို့အတူ ယင်းနေ့ ည ၈ နာရီတွင်  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များသည် မိုးမိတ်မြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု၊ မိုးမိတ်-တွင်းငယ်သွားကားလမ်း၊ ကီလိုမီတာ တိုင်အမှတ် (၁၉/၅)အနီးတွင် စိုးပြည့်စုံမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၆၇၅ ကိုလည်းကောင်း၊

အလားတူ ယင်းနေ့ည  ည ၁၀ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် မိုင်းဖြတ်မြို့နယ်၊ ကျိုင်းတုံ-မိုင်းဖြတ်သွားကားလမ်း၊ မိုင်တိုင်အမှတ်(၇၀၈) အနီးတွင် ဆပ်ပါ မောင်းနှင်လာသောမော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)