Skip to main content

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း ပြည်ပသို့တရားဝင်အလုပ်သွားရောက်လုပ်ကိုင်သူ ၁၁၆၈ ဦးနှင့်ပြည်တွင်းအလုပ်နေရာ ၉၈၇၄ ဦး ခန့်ထားနိုင်ခဲ့

နေပြည်တော် ဒီဇင်ဘာ ၁၄

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်း ဝင်ငွေတိုးပွား စေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့တရားဝင် စေလွှတ်ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေး ဆောင်ရွက်ပေးခဲ့ပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမားလုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် Online မှ ဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အလိုက် အလုပ်ရရှိမှုအနေဖြင့် အစိုးရအလုပ်အကိုင် ၈၉၃ ဦး၊ ပုဂ္ဂလိကအလုပ်အကိုင် ၈၉၈၁ ဦး စုစုပေါင်း ၉၈၇၄ ဦးကို အလုပ်အကိုင် ရှာဖွေပေးနိုင်ခဲ့သည်။

ထို့အတူ နိုဝင်ဘာလအတွင်း နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင်ရရှိမှု အနေဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ ၃၀၊ ဂျပန်နိုင်ငံသို့ ၁၁၃၈ ဦး စုစုပေါင်း ၁၁၆၈ ဦးကို အလုပ်အကိုင်ရရှိရေးအတွက် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်