Skip to main content

အမျိုးသားလွတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သံတောင်ကြီးမြို့နယ်၊ဘောဂလိမြို့ရှိ ပလက်ဝတံတားဖွင့်ပွဲ တက်ရောက် ဖွင့်လှစ်

သံတောင်ကြီး ဒီဇင်ဘာ ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြိုနယ်၊‌ ဘောဂလိမြို့ ပြောင်သိုကျေးရွာ အုပ်စုရှိ ပလက်၀တံတားဖွင့်ပွဲကို ယနေ့နံနက်၉နာရီခွဲကကျင်းပရာ အမျိုးသားလွတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တက်ရောက်ဖွင့်လှစ်ပေးသည်။

ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အမှာစကား ပြောကြားပြီး ရွှေစွမ်းအင် ကုမ္ပဏီဒါရိုက်တာ ဦး‌ဇော်ဝင်းက တံတားတည်ဆောက်ခဲ့မှုအခြေအနေ များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပလက်ဝ တံတား သံတောင်-ပလက်ဝလမ်းပိုင်း၊ ရှောင်ကွင်းလမ်း၄(/”)မိုင် နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို ရွှေစွမ်းအင်ကုမ္ပဏီမှ ဒါရိုက်တာဦးဇော်ဝင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန ဒုတိယအင်ဂျင်နီယာချုပ် ဦးထွန်းလင်း ထံပေး အပ်ပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန် လည်ပြောကြားသည်။

 ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တို့က တံတားကမ္ဗည်းကျောက်စာအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

 ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လျှပ်စစ်နှင့်စက်မှုဝန်ကြီးဦးစိုးလှိုင် ၊သံတောင်ကြီးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက်၊ ရွှေစွမ်းအင်ကုမ္ပဏီတာဝန်ခံ ဦးဝင်းမောင် တို့က ပလက်ဝတံတား အားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကာ တံတားပေါ်မှ ဖြတ်သန်းကြည့်ရှုကြသည်။

   ယခင်က သံတောင်မြို့မှဘောဂလိမြို့သို့သွားရာတွင် ပလက်ဝချောင်းကိုဇက်ဖြင့် ကူးကာ သွားလာခဲ့ရပြီး ယခုအချိန်တွင် တံတားတည်ဆောက်ပြီးဖြစ်ရာ ဘောဂလိမြို့ပေါ် နှင့်ကျေးရွာ အုပ်စု (၁၅)အုပ်စု၊ကျေးရွာ (၈၂)ရွာအတွက်ဒေသ ထွက်ကုန်များ၊ ကုန်စည်စီးဆင်းမှုနှင့်ပြည်သူများ သွားလာရေး လွယ်ကူလျင်မြန်စေပြီး ဒေသခံပြည်သူများအတွက် လူမှုစီးပွားရေးဘ၀များ ဖွံဖြိုးတိုးတက်လာမည်ဖြစ်သည်။

 အဆိုပါ ပလက်၀တံတားကို ရွှေစွမ်းအင်ကုမ္မဏီ နှင့် Asia World Foundation တို့ ပူးပေါင်း တည်ဆောက်ခဲ့ပြီး ကွန်ကရစ်သံဘောင်တံတားအမျိုးအစားဖြစ်ကာ တံတားအရှည်(၇၉၈) ပေ ၊ အကျယ်ပေ(၃၀) အမြှင့်(၁၂၃)ပေ၊ နှစ်လမ်းသွားဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)