Skip to main content

 (၅) ကြိမ်မြောက် မြန်မာ−အိန္ဒိယ  နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးညွှန်ကြားရေးမှူးချုပ် အဆင့်အစည်းအဝေး ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၀

 

() ကြိမ်မြောက် မြန်မာအိန္ဒိယ နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ် အဆင့် အစည်းအဝေးကို ယနေ့ မွန်းလွဲ နာရီတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည်။

အစည်းဝေးသို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သောအဖွဲ့နှင့် အိန္ဒိယနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူရိုမှ ညွှန်ကြားရေးမှူးချုပ် Mr.Rakesh Asthana ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့က ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် က () ကြိမ်မြောက် မြန်မာအိန္ဒိယ နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်း ထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးကို COVID-19 ကမ္ဘာ့ကပ်ရောဂါ အခြေအနေ ကြောင့် Online စနစ်ဖြင့် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ကပ်ရောဂါဖြစ်ပွားနေမှုကို အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးကုန်ကူးသူများအနေဖြင့် ထုတ်လုပ်မှုနှင့်သယ်ဆောင်မှုကို ပိုမိုလုပ်ဆောင်လာကြပါ ကြောင်း၊ မူးယစ်ဆေးဝါးဈေးကွက် ကျယ်ပြန့်လာခြင်းနှင့်အတူ နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ ပြစ်မှု ကျူးလွန်သူများ၏ ပါဝင်ပတ်သက်မှုများကြောင့် စိတ်ကြွရူးသွပ်ဆေးပြားနှင့် ICE မက်အက်ဖက် တမင်း ပြဿနာသည် ပိုမိုဆိုးဝါးလာပါကြောင်း၊ ပရီကာဆာနှင့်ဓာတုပစ္စည်းများကို ထိန်းချုပ်နိုင်မှသာ စိတ်ကြွဆေးပြားနှင့် ICE မက်အက်ဖက်တမင်း ထုတ်လုပ်မှုများကို ထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း၊ ပရီကာဆာများတရားမဝင် ဝင်ရောက်မှုများသည် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ဆက်လက်တည်ရှိ နေပြီး နယ်စပ်ဝင်ပေါက်များမှ နည်းမျိုးစုံဖြင့် ဝင်ရောက်လျက်ရှိနေမှုများကို ပိုမိုပူးပေါင်းထိန်းချုပ် ပေးစေလိုပါကြောင်း။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့(CCDAC)နှင့် အိန္ဒိယနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို(NCB) တို့အကြား အနာဂတ်အတွက် ပြည့်စုံကောင်းမွန်သော အကြံပြုချက်များ၊ အတွေ့ကြုံကောင်းများနှင့် ကြုံတွေ့ နေရသော အခက်အခဲများကို ကျော်လွန်ဖြေရှင်းနိုင်မည့်ရလဒ်ကောင်းများ ရရှိလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်၍ ကမ္ဘာ့နိုင်ငံများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို လက်တွဲပူးပေါင်းဆောင်ရွက်သွားရန် အမြဲအသင့်ရှိနေပါကြောင်း၊ မြန်မာအိန္ဒိယ နှစ်နိုင်ငံကြား အကျိုးစီးပွားများကို ဖော်ဆောင်နိုင်ရန် အတွက် မူးယစ်ဆေးဝါးများ တားဆီးနှိမ်နင်းရေးနှင့် ပတ်သက်၍ နှစ်ဖက်ကိုယ်စားလှယ်များ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးပေးကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် အိန္ဒိယနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Mr.Rakesh Asthana က နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဆောင်ရွက်မှုအခြေအနေများ၊ () ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ များ၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ တရားမဝင်ဘိန်းဖြူ သယ်ဆောင်ရောင်းဝယ်မှု ဆိုင်ရာကိစ္စရပ်များ၊ ကုန်းလမ်းနှင့်ရေကြောင်းလမ်းများတစ်လျှောက် တရားမဝင် မက်သ်အဖက်တမင်း သယ်ဆောင်ရောင်းဝယ်မှုကိစ္စရပ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များအတွက် စွမ်းရည်မြှင့်တင်ရေးသင်တန်းဆိုင်ရာ ကိစ္စရပ်များ၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရောင်းဝယ်သည့် လမ်းကြောင်းများအား ပူးပေါင်းထိန်းချုပ်မည့်ကိစ္စရပ်များ၊ ဘိန်းစိုက် ပျိုးရာဒေသများ အား ကောင်းကင် ဂြိုလ်တုမှစောင့်ကြည့်နိုင်ရန် အိန္ဒိယနိုင်ငံမှ ကူညီ ဆောင်ရွက် ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်ဖက်နိုင်ငံသားများပါဝင်သောမူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများရှိပါက သတင်းဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် () ကြိမ်မြောက် အစည်းအဝေး ကျင်းပနိုင်မည့် နေ့ရက်နေရာ အတည်ပြုခြင်း နှင့် () ကြိမ်မြောက် မြန်မာအိန္ဒိယ နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ် အဆင့်အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

 (သတင်းစဉ်)