Skip to main content

နှစ် ၁၀၀ ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဒုတိယအကြိမ်စာတမ်းဖတ်ပွဲ အခမ်းအနား ကျင်းပ

 

နေပြည်တော် ဒီဇင်ဘာ

နှစ်(၁၀၀)ပြည့်  အမျိုးသားအောင်ပွဲနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ၁၉၂၀ မှ ၂၀၂၀ ပြည့်နှစ်အထိ ဖြတ်သန်းခဲ့သည့် နှစ် ၁၀၀ ကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအစရှိသည့် ကဏ္ဍများနှင့် သက်ဆိုင်သည့်  ခေါင်းစဉ်များဖြင့် ဒုတိယ အကြိမ် စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ() နာရီအချိန်က  Virtual စနစ်ဖြင့် ကျင်းပ ပြုလုပ်သည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အဖွင့်အမှာစကားပြောကြားပြီး  “၁၉၂၀ မြန်မာ နိုင်ငံ၏ အသိပညာ အတတ်ပညာ ဖွံ့ဖြိုးမှုအခြေအနေခေါင်းစဉ်ဖြင့် စာပေစိစစ်ရေးမှူး ဒေါ်စန္ဒာထွန်းကလည်းကောင်း၊၁၉၂၀ ကျောင်းသားသပိတ် ဖြစ်ပွားရခြင်း အကြောင်းရင်းခေါင်းစဉ်ဖြင့် စာပေစိစစ်ရေးမှူး ဒေါ်မေသန္တာမောင်ကလည်းကောင်း၊ “မြန်မာ စာပေ နှစ် ၁၀၀ ခရီး” ခေါင်းစဉ်ဖြင့် စာပေ စိစစ်ရေးမှူး ဒေါ်လှလှမြင့်ကလည်းကောင်း  စာတမ်းများ အသီးသီး ဖတ်ကြား ကြသည်။

အဆိုပါ စာတမ်းဖတ်ပွဲ အခမ်းအနားသို့ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း ( ၁၀၀) ဦး တက်ရောက် ခဲ့ကြကြောင်း သိရှိရသည်။

(MOI)