Skip to main content

ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ သွားရောက်လေ့လာ

နေပြည်တော် ဩဂုတ် ၇

နိုင်ငံတော်မှ ပေးအပ်လာသည့် တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် အနာဂတ်မျိုးဆက်သစ် လူငယ်၊ ကျောင်းသား ကျောင်းသူများအနေဖြင့် သင်ရိုးညွှန်းတမ်းတွင် သင်ယူထားသော သမိုင်း၊ ယဉ်ကျေးမှုအမွေအနှစ်များကို စာတွေ့အပြင် လက်တွေ့နယ်ပယ်တွင် လက်တွေ့သိမြင် နားလည်တန်ဖိုးထားတတ်စေရန်နှင့် တပ်မတော်စစ်သမိုင်း ပြတိုက်တွင် နိုင်ငံနှင့် တပ်မတော်၏ သမိုင်းကြောင်းဆိုင်ရာ အစဉ်အလာများနှင့် လက်တွေ့ဆောင်ရွက်ချက်များအား သိရှိနားလည်စေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ဇေယျာသီရိ) နှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ (အောင်ဇေယျ) မှ ကျောင်းသား ကျောင်းသူများ၊ အုပ်ချုပ်သူ ဆရာ ဆရာမများသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာကြသည်။

ဦးစွာ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ ရောက်ရှိကြရာ ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက်ပြခန်း၊ ပြကွက်များ ပြသထားမှုတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျောင်းသား ကျောင်းသူ များနှင့် ဆရာ ဆရာမများသည် ပြင်ပပြကွက်များဖြစ်သည့် တပ်မတော် (ကြည်း) ပြကွက်၊ တပ်မတော် (ရေ) ပြကွက်၊ တပ်မတော် (လေ) ပြကွက်များရှိ ခင်းကျင်းပြသထားမှုများကို စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြသည်။

သတင်းစဉ်