လေးမျက်နှာ ဩဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ငဝန်ရေကာတာ တာမိုင် ၂၅/၃အနီး ရေကျော်ဝင်ရောက်မှုကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များပူးပေါင်း၍ ရေကျော်ဝင်ရောက်မှု ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်သည့်အနေဖြင့် အလျား (၃၀)ပေ ယာယီချောင်းပိတ်တမံ အမှတ်(၂)ကို ယမန်နေ့ကဆောင်ရွက်ပြီးစီးခဲ့ပြီး ယခင်ကမ်းရင်းတာ (စွန့်ပစ်တာ)တွင် အလျား(၉၀)ပေ ယာယီချောင်းပိတ်တမံ အမှတ်(၁)ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်
