ညောင်ဦး ဇူလိုင် ၂၉
ဝါဆိုလပြည့် (ဓမ္မစကြာ) နေ့တွင် မြန်မာပြည်အရပ်ရပ်မှ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။
ယနေ့ ဝါဆိုလပြည့် (ဓမ္မစကြာ) နေ့ နံနက် ၄ နာရီမှ စတင်ကာ မြန်မာပြည်အရပ်ရပ်မှ ခရီးသွားဘုရားဖူးများ ရွှေစည်းခုံ၊ စွယ်တော်မြတ်စေတီကြီးသို့ ဆွမ်းကပ်ရန်နှင့် တရားထိုင်၊ အန္တရာယ်ကင်း ပရိတ်၊ ပဋ္ဌာန်း ရွတ်ဖတ်ကြရန် ရောက်ရှိနေကြပြီး တရားဘာဝနာပွားများခြင်း၊ ကုသိုလ်ကောင်းမှုပြုခြင်းများဆောင်ရွက်ကြသည်။
ယနေ့ ဝါဆိုလပြည့်နေ့တွင် မြန်မာပြည်အရပ်ရပ်မှ ခရီးသွားဘုရားဖူးများလာရောက်သူ များပြားလျက်ရှိရာ မြင်းလှည်းအငှားလိုက်သူများ၊ E-Bike၊ မီနီအိုးဝေ၊ အငှားလိုက်သူများ၊ ပြည်တွင်းဧည့်လမ်းညွှန်များ၊ စားသောက်ဆိုင်များ၊ လက်ရေးပန်းချီဆွဲသူများ အလုပ်အကိုင်များ ကောင်းကြကာ ဘုရား၊ ပုထိုး၊ စေတီများတွင် ခရီးသွားဘုရားဖူးများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
