Skip to main content

မြို့နယ်အချို့၌ လက်နက်ကိုင်အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအချို့ သေဆုံး/ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် ဇူလိုင် ၂၈

မြို့နယ်အချို့၌ လက်နက်ကိုင် အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအချို့ သေဆုံး/ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အကြမ်းဖက်သမားများကို အမြန်ဆုံးဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇူလိုင် ၂၆ ရက် နာရီခွဲတွင် မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့နေ မနန်းခမ်းလောဝ် (၃၅)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည် လာရောက်ထိမှန်ခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

ထို့ပြင် ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် အောင်ချမ်းသာရွာသစ်ကျေးရွာနေ ဦးအောင်တင် ဝင်း(၅၄)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံအကြမ်းဖက် သမားခုနစ်ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးအောင်တင်ဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်။

အလားတူ နာရီ ၄၅ မိနစ်တွင် ညောင်လေးပင်မြို့နယ် ဇီးကန်(အရှေ့)ကျေးရွာနေ ဦးကျော်သူရ ()မျိုးသက်() ကုလား(၄၅)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်အေးအေးအောင်(၃၈)နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်။

အထက်ပါဖြစ်စဉ်များတွင် ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ PDF အမည်ခံအကြမ်းဖက်သမားများကို အမြန်ဆုံးဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်