နေပြည်တော် ဇူလိုင် ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများနှင့် ပျဉ်းမနား-လယ်ဝေး လမ်းဟောင်းဘေး၊ အောင်မင်္ဂလာရပ်ကွက်ရှိ အန္တရာယ်ရှိသည့် ကုက္ကိုပင်ခြောက်ကို ပျဉ်းမနားမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတို့မှ ဝန်ထမ်းများပူးပေါင်း၍ ခုတ်ယူရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၃၃ ကေဗွီ ပျဉ်းမနားဓာတ်အားလိုင်းကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၆ ရက် နံနက် ၇ နာရီမှ ညနေ ၄ နာရီအထိ ဓာတ်အားပိတ်ထားမည်ဖြစ်သည်။
ထိုသို့ လုပ်ငန်းဆောင်ရွက်စဉ် ပျဉ်းမနားမြို့ပေါ် ရပ်ကွက်များ၊ ကျေးရွာများ၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဓာတ်အားယာယီပြတ်တောက်နေမည်ဖြစ်ပြီး ဓာတ်အားပြတ်ဧရိယာများရှိ ရုံးဌာနများနှင့် အများပြည်သူဆိုင်ရာနေရာများကို ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
သတင်းစဉ်
