Skip to main content

ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Gregoryevich Lukashenko ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိ

နေပြည်တော် ဇူလိုင် ၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးလာရောက်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Gregoryevich Lukashenko ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့လိုက်ပါလာသော အထူးလေယာဉ်သည် ယနေ့ညနေပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်သို့ ရောက်ရှိသည်။

ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်၌ ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့ပြင် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုတပ်ဖွဲ့က အလေးပြု၍လည်းကောင်း၊ မြန်မာကလေးငယ်နှစ်ဦးက ပန်းစည်းကမ်း၍လည်းကောင်း ဂုဏ်ပြုကြိုဆိုကြသည်။