Skip to main content

၂၀၂၆ ခုနှစ် ဇူလိုင်လ ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှု “ပုလဲရတု စွမ်းအားပြု၊ ဂုဏ်ယူဝင့်ကြွား မြန်မာအမျိုးသမီးများ” ဝတ်စားဆင်ယင်မှုပြပွဲနှင့် ရုပ်ရှင်သဘင်ဂီတဖျော်ဖြေပွဲ ကျင်းပ

နေပြည်တော် ဇူလိုင် ၁

၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က စီစဉ်တင်ဆက်သည့် “ပုလဲရတု စွမ်းအားပြု၊ ဂုဏ်ယူဝင့်ကြွား မြန်မာအမျိုးသမီးများ” ဝတ်စားဆင်ယင်မှုပြပွဲနှင့် ရုပ်ရှင်သဘင်ဂီတဖျော်ဖြေပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁(MICC-I) ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ (၁) ၏ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်စမ်းစမ်းအေးနှင့် ဒုတိယသမ္မတ (၂) မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌများ၏ ဇနီးများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၏ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ အထူးဧည့်သည်တော်များ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ၏ ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ၏ဇနီး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၏ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ဇနီး၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ၏ ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ၏ဇနီး၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၏ဇနီး၊ အမှတ် (၃) စစ်ဆင်ရေးအထူးအဖွဲ့မှူး၏ဇနီး၊ စစ်ရေးချုပ်၏ဇနီး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ အမျိုးသမီးဒုတိယဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၏ဇနီးများ၊ ဒုတိယဝန်ကြီးနှင့်အဆင့်တူ အမျိုးသမီးပုဂ္ဂိုလ်များ၊ အခွန် အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၏ဇနီး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့် ဇနီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အလှူရှင်များ၊ အမျိုးသမီး အဖွဲ့များ၏ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ နိုင်ငံကျော်အနုပညာရှင်များ၊ သဘင်ပညာရှင်များ၊ အဆိုတော်များ၊ ဒီဇိုင်နာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် “မြန်မာအမျိုးသမီးများနေ့” တေးသီချင်း၊ “အင်အားသစ်များနှင့်အတူ” တေး သီချင်း၊ “ရောင်နီသစ်ပြီ” စသည့် တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ “နှစ်သုံးဆယ်အသွင် ပုလဲအဆင်”၊ “တူစုံမောင်မယ် တေးပုလဲသွယ်”၊ “ရောင်သွေးစုံလင် ပါတိတ်လွင်ပြင်” ခေါင်းစဉ်ဖြင့် နာမည်ကျော်ဝတ်စုံ ဒီဇိုင်နာများ ဖန်တီးဆန်းသစ်ထားသော ဝတ်စုံများကို ဝတ်စားဆင်ယင် ပြသခြင်းနှင့် “ထာဝရငြိမ်းချမ်းရေး” တေးသီချင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်စေရန် ရည်ရွယ်၍ “ကကြိုး” အမည်ဖြင့် တစ်ခန်းရပ်ပညာပေးဇာတ်လမ်းတိုဖြင့် တင်ဆက် ကြပြီး အခမ်းအနားအစီအစဉ်ပထမပိုင်းကို ခေတ္တရပ်နားသည်။

အခမ်းအနားအစီအစဉ်ဒုတိယပိုင်းတွင် “ဝါဆိုဆန်းသစ် မြန်မာ့ချိတ်အစစ်” နှင့် “တူစုံမောင်မယ် တေးပုလဲသွယ်” (ဒုတိယပိုင်းအစီအစဉ်) ဝတ်စားဆင်ယင်မှုဖြင့် တင်ဆက်ခြင်း၊ “ထမင်းမိန်မိန်စားချင်တယ်” နှင့် “မွေခံထိုက်စေ” တေးသီချင်းဖြင့် ဖျော်ဖြေခြင်း၊ မင်းသားစမ်းရေမိုးက ကပြဖျော်ဖြေတင်ဆက်ခြင်းနှင့် “သဘင်တစ်ခေတ်နှစ်ပါးအသစ်” ဖြင့် ကပြဖျော်ဖြေကြသည်။

ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ ဂုဏ်ပြုပန်းစည်းချီးမြှင့်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ဇနီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှက KBZ Group နာယက အလှူရှင် ဒေါ်နန်းလိုင်းခမ်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဒေါ်မြတ်မြတ်ဦးနှင့် ရုပ်ရှင်အနုပညာရှင်များအားလည်းကောင်း၊ ဒုတိယသမ္မတ (၁) ၏ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်စမ်းစမ်းအေးက သဘင်ပညာရှင်များနှင့် ဂီတပညာရှင်များကိုလည်းကောင်း၊ ဒုတိယသမ္မတ(၂) မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ဂုဏ်ထူးဆောင်နာယက ဒေါ်နန်းနီနီအေးက Forever Group နှင့် John Lwin တို့အားလည်းကောင်း၊ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ အမျိုးသမီးရေးရာအဖွဲ့ချုပ်နာယကများနှင့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့က ဒီဇိုင်နာများ၊ အလှူရှင်များအားလည်းကောင်း ဂုဏ်ပြုပန်း စည်းများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ၊ ဒုတိယသမ္မတ (၁) ၏ဇနီး ဒေါ်စမ်းစမ်းအေး၊ ဒုတိယသမ္မတ (၂) ဒေါ်နန်းနီနီအေးနှင့် တာဝန်ရှိသူများက အနုပညာရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြပြီး အခမ်းအနားအား ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်