Skip to main content

ကလေး - တမူးလမ်းကြောင်း ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက ဆောင်ရွက်စဉ် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံနယ်စပ်အနီး အကြမ်းဖက်သောင်းကျန်းသူစခန်းအား သိမ်းပိုက်ရရှိ

နေပြည်တော် ဇွန် ၁၁

တပ်မတော်အနေဖြင့် မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်သော ကလေး - တမူးလမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါကလေး - တမူးလမ်းကြောင်းတစ်လျှောက်အား အမြန်ဆုံးပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေး နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင် ရွက်ခဲ့ရာ ရန်လင်းဖိုင်ကျေးရွာအနီးရောက်ရှိနေသော တပ်မတော်စစ်ကြောင်းများသည် ယနေ့တွင် အဆိုပါကျေးရွာ၏ အနောက် မြောက်ဘက် မီတာ ၂၅၀၀ ခန့်အကွာ မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီးနေရာသို့အရောက်၌ မသင်္ကာဖွယ်အဆောက်အအုံများ တွေ့ရှိသဖြင့် စစ်နည်းဗျူဟာမြောက် ချီတက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတို့အခြေပြုနေထိုင်သည့်စခန်းအား သိမ်းပိုက်ရရှိခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများသည် ထိခိုက်ကျဆုံးမှုများစွာဖြင့် တစ်ဖက်နိုင်ငံအတွင်းသို့ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါအကြမ်းဖက်သောင်းကျန်းသူများ အခြေပြုနေထိုင်သည့် အခိုင်အမာတည်ဆောက်ထားသည့်စခန်းအား အသေးစိတ်ရှင်းလင်းခဲ့ရာ ၁၀ ပေ ပတ်လည် ဘန်ကာအပါ မောင်းတံဂိတ် တစ်ခု၊ အလျားပေ ၂၀၊ အနံ ၁၅ ပေ ဓနိမိုးထရံကာ လူနေအဆောက်အအုံ ခုနစ်လုံး၊ အလျား ပေ ၂၀၊အနံ ၁၅ ပေသွပ်မိုးပျဉ်ကာ လူနေအဆောက်အအုံ သုံးလုံး၊ အလျားပေ ၃၀၊ အနံ ၁၅ ပေ အိပ် ဆောင်သုံးလုံး၊ (အလံခုံအပါ) အကျယ်ပေ ၄၀၀ ပတ်လည် စစ်ရေးပြကွင်းနှင့် လေ့ကျင့်ရေးကွင်း တစ်ကွင်း၊ အလျားပေ ၃၀၊ အနံ ၁၅ ပေ သွပ်မိုးပျဉ်ကာ အဆောက်အအုံတစ်ခု၊ ၁၅ ပေပတ်လည် ထရံကာ၊ မိုးကာမိုး ဆေးပေးခန်း တစ်ခု၊ ၁၂ ပေ ပတ်လည်ပျဉ်ကာ၊ မိုးကာမိုး အချုပ်ခန်း တစ်ခု၊ အလျားပေ ၂၀၊ အနံ ၁၅ ပေ ထမင်းစားဆောင်တစ်လုံး၊ အလျား ၁၅ ပေ၊ အနံပေ ၂၀ သွပ်မိုးပျဉ်ကာ ခဲယမ်းတိုက် တစ်လုံး၊ အလျား ၁၅ ပေ၊ အနံ ၁၀ ပေ မီးစက်တဲ တစ်လုံး၊ Tipper ကားတစ်စီး၊ loader ယာဉ် တစ်စီး၊ ကားသေး သုံးစီး၊ သုံးဘီး တစ်စီး၊ တစ်လုံးထိုး သေနတ် နှစ်လက်၊ ၆၀ မမဗုံးသီး ငါးလုံး၊ လက်ကိုင်စကားပြောစက် ခုနစ် လုံး၊ မီးစက်အကြီးနှင့် အခြားဆက်စပ်ပစ္စည်းများကို တွေ့ရှိ သိမ်းပိုက်ရရှိခဲ့သည်။

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများအနေဖြင့် ကလေး - တမူးလမ်းကြောင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် အကြမ်ဖက်သောင်းကျန်းသူများအား တိုက်ခိုက်ချေမှုန်းနိုင်ရေး နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။  

သတင်းစဉ်