ပဲခူး နိုဝင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ ၂နာရီက ကိုရီးယားပြည်သူ့သမ္မတနိုင်ငံနေ စေတနာရှင်များက တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်−၁၉ ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကျန်းမာရေး အထောက်အကူပြု ပစ္စည်း များအား လာရောက်လှူဒါန်းပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကိုရီးယားနိုင်ငံနေ စေတနာရှင်များကိုယ်စား စာရေးဆရာမ Kang Jong Mi က ကိုးရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံသည် လူမှုစီးပွားဆက်သွယ်မှုများရှိပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုဗစ်−၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများအား လာရောက်လှူဒါန်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ကိုရီးယားနိုင်ငံရှိ ဆရာတော်နှင့် တရားရိပ်သာမှ ယောဂီများ စုပေါင်း၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်−၁၉ ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများအား လာရောက်လှူဒါန်းမှုအပေါ် ကျေးဇူး တင်ရှိကြောင်း ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
တိုင်းဒေသကြီး (ပြန်/ဆက်)